စျေး မီဒီယာ
အခြား

စားချင်စဖွယ် ပြင်ဆင်ဖို့ ပဲစိမ်းထမင်း ဖြည့်စွက်စာ ..

Posted by Harry April 19, 2018
Jp8cdhd8sqdikazuq6s2

မေမေတို့ရေ ဒီနေ့တော့ သားသားမီးမီးလေးတို့ စားချင်စဖွယ်ဖြစ်အောင် အရောင်အသေွးလေးပြောင်းလဲပြီး ကျေွးမေွးရအောင်နော်။ အာဟာရလည်းပြည့်ဝပြီး ကလေးတေွှကီးထွားဖွံ့ဖြိုးလို့ မှတ်ဉာဏ်အားကောင်းမှုကို အထောက်အကူပြုနိုင်မယ့် ပဲစိမ်းထမင်းနယ်လေးကို ပြင်ဆင်လိုက်ရအောင်။

ပါ၀င်သောပစ္စည်းများ ...
- ပဲစိမ်း (မတ်ပဲစိမ်း) ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ
- ကြက်သွန်ဖြူ ... ၁ တက်
- ဇီယာမှုန့် (သို့) ဇီယာစေ့ ... အနည်းငယ်
- ရေ ... ပန်းကန်လုံး ၁ လုံး
- ငရုတ်သီးစိမ်းတောင့် ... ၁ တောင့်
- ဆန်(ချက်ပြုတ်ပြီး) - ပန်းကန်လုံး ၁ လုံး
- ဆား ... အနည်းငယ်
- ဆီ ... အနည်းငယ်

ပြုလုပ်နည်း ...
- ပဲစိမ်းများကို အိုးသန့်သန့်လေးထဲထည့်လေှာ်ပါ။
- ပြီးလှျင် ပန်းကန်လုံးသန့်သန့်လေးထဲထည့်ပါ။ ပြီးပါက ကြက်သွန်ဖြူ၊ ဇီယာ၊ ရေထည့်ပြီး ပန်းကန်လုံးကို ပေါင်းအိုးထဲသို့ထည့်ပါ။
- မပေါင်းမီ ငရုတ်သီးစိမ်းတစ်တောင့်ကို ထက်ခြမ်းခွဲပြီး ပန်းကန်လုံးထဲသို့ထည့်ပါ။
- ပဲများနူူးအိသွားစေရန် ငါးမိနစ်ကျော်ကျော်ခန့်ပေါင်းပြီး ပန်းကန်လုံးကိုယူပါ။
- ပြီးလှျင် ငရုတ်သီးစိမ်းတောင့်ကိုဖယ်ထုတ်လိုက်ပါ။
- ပဲပေါင်းနေစဉ်အချိန်အတွင်း ထမင်းပူပူလေးကို ချေထားပါ။
- ပြီးလှျင်ပေါင်းထားသည့် ပဲတစ်ဝက်ခန့်ထည့်ပြီး ထမင်းနှင့် ရောချေပါ။
- ဆားအနည်းငယ်နှင့် ဆီလက်ဖက်စားဇွန်း ၁ ဇွန်းခန့်ထည့်ပြီး မေွှပြီးရင်သေွးငယ်လေးကို ကျေွးမေွးနိုင်ပါပြီ။

(မှတ်ချက်-အသက် ၁၀ လနှင့်အထက် ကလေးငယ်များအတွက် သင့််လျော်ပါသည်)

မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.