မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာစွာနေထိုင်မှုအပြင် အသားအရေလေးလည်း ထိန်းသိမ်းပြီးဖြစ်မယ့် အစားအစာလေးတေွကို ကျားလေးက မှျဝေလမ်းညွှန်ပေးချင်ပါတယ်နော်။ ကိုယ်ဝန်ဆောင်ကာလမှာ ရင်သေွးလေးအတွက်ရော မေမေ့အတွက်ရော ကျန်းမာပြီး အာဟာရပြည့်ဝစေဖို့ ဒီအစားအစာလေးတေွက အထောက်အကူပေးနိုင်မှာပါ။
- ထောပတ်သီး (ဗီတာမင်-အီး ကြွယ်ဝတဲ့ထောပတ်သီးက မေမေ့အတွက်ရော ရင်သေွးငယ်လေးအတွက်ရော ကျန်းမာလှပစေဖို့အထောက်အကူပေးနိုင်ပါတယ်)
- Green Tae (ဒီမှာတော့ အန်တီအောက်ဆီးဒင့်ဓာတ်တေွှကွယ်ဝပြီး မိခင်နဲ့ရင်သေွးလေးတေွကို အန္တရာယ်ပြုနိုင်တဲ့ ကင်ဆာဆဲလ်တေွကအစ တိုက်ထုတ်ပေးနိုင်ပါတယ်)
- ကန်စွန်းဥ (ကိုယ်ဝန်ဆောင်စဉ်ကာလမှာတော့ ကန်စွန်းဥက ဆေးဆရာတစ်ပါးပါပဲ။ ဗီတာမင် စီ၊ အီးအပြင် အခြားအာဟာရဓာတ်တေွလည်း အများကြီးပါ၀င်တာကြောင့် ကိုယ်ဝန်ဆောင်ကာလ ရင်သေွးငယ်လေးကြီးထွားဖွံ့ဖြိုးဖို့ အများကြီးအထောက်အကူပြုစေပါတယ်)
- Blueberries (ဗီတာမင်စီကြွယ်ဝတာကြောင့် မေမေတို့ကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်)
- နှမ်းကြတ်စေ့ (အိုမီဂါ 3 ပါ၀င်တာကြောင့် မေမေတို့ရဲ့ အသားအရေလှပမှုနဲ့ကျန်းမာရေးအပြင် ရင်သေွးလေးရဲ့ ဦးနေှာက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်)
- ခရမ်းချဉ်သီး (ကိုယ်ဝန်ဆောင်စဉ်ကာလ စားသောက်နေထိုင်မှုအတွက် နေ့စဉ်စားသုံးသင့်ပါတယ်)
- သစ်ချသီး (ကိုယ်ဝန်ဆောင်မေမေတေွအတွက်သာမက ရင်သေွးငယ်လေးရဲ့ ဖွံ့ဖြိုးကျန်းမာမှုအတွက်ပါ ကိုယ်ဝန်ဆောင်ကာလအတွင်း စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်)
- သံပယိုသီး (ကိုယ်ဝန်ဆောင်ကာလ အရေပြားသန့်ရှင်းဖို့နဲ့ ဆဲလ်သေတေွကို ဖယ်ရှားရှင်းလင်းပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်)
- နို့ (ကိုယ်ဝန်ဆောင်ကာလမှာတော့ နို့တစ်ခွက်ကို မနက်တိုင်းသောက်သင့်ပါတယ်။ အဲ့ဒါမှလည်း မေမေ့အတွက်ရော ရင်သေွးလေးအတွက်ပါ ကျန်းမာပြီး ဖွံ့ဖြိုးမှုရှိစေနိုင်မှာပါ)
မေမေတို့ရေ ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လေှျာက်လုံးမှာ ဒီအစားအစာလေးတေွကို မဖြစ်မနေစားသုံးပေးပါနော်။ ဒါမှလည်း မေမေ့အတွက်ကျန်းမာနေပြီး ရင်သေွးလေးကို မေွးဖွားတဲ့အခါ ကျန်းမာဖွံ့ဖြိုးတဲ့ရင်သေွးလေးကို လျောလျောလျူလျူမေွးဖွားနိုင်မှာမို့လို့ပါပဲ။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)