(၁) သွေးပေါင်တိုးခြင်း၊ ဖောယောင်ခြင်းများဟာ ကိုယ်ဝန်ဆိပ်တတ်နာ ရောဂါရဲ့ လက္ခဏာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆိပ်တတ်နာ ဖြစ်သွားပြီး မိခင်၊ ကလေး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။
ဆေးရုံဆေးခန်းကို ပြဖို့လိုပါတယ်။
(၂) ခေါင်းကိုက်ခြင်း ၊ ဇတ်ကြောထိုးခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မကြည်လင်ခြင်း စသည်ဖြင့်
ပြင်းထန်တဲ့ ကိုယ်ဝန်ဆိပ်တတ်နာရဲ့ အန္တရာယ်လက္ခဏာ ဖြစ်ပါတယ်။
ဆေးခန်းပြဖို့လိုပါတယ်။
(၃) ကလေးပုံမှန်မတိုးခြင်း၊ အတိုးနည်းခြင်းဟာ ကလေးရဲ့လက္ခဏာ ဖြစ်ပါတယ်။ စောင့်ကြည့်မနေပါနှင့် ။ ဆရာဝန်၊ ဆရာမထံ အမြန်ပြဖို့လိုပါတယ်။
(၄) သွေးဆင်းခြင်း၊ အချင်းကွာခြင်း၊ အချင်းအောက်ခံခြင်းများကြောင့် ဖြစ်နိုင်ပါတယ်။
သွေးသွန်ပြီး မိခင်ရောကလေးပါ အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။ နည်းနည်းပဲဆင်းလည်း အရေးကြီးပါတယ်။
(၅) ရေဆင်းခြင်း ဗိုက်မနာဘဲ ရေဆင်းခြင်းဟာ၊ အရေးကြီးတဲ့ မီးနီတစ်ခုဖြစ်ပါတယ်။ ကလေးနေတဲ့ ရေအိတ်ပေါက်သွားပြီ ဖြစ်တဲ့အတွက် ပိုးဝင်နိုင်ပြီး ကလေးရော၊ အမေပါ အန္တရာယ်ရှိနိုင်ပါတယ်။ လမစေ့ဘဲ ဗိုက်နာပြီး ပေါင်မပြည့်တဲ့ ကလေးမွေးဖွားနိုင်ပါတယ်။
(၆) ဗိုက်နာခြင်း ဗိုက်နာခြင်းဟာ ကလေးမွေးဖို့ ဗိုက်နာခြင်း၊ အချင်းကွာလို့ ဗိုက်နာခြင်း၊ ရေမွှာရည်များလွန်းလို့ သိပ်တင်းပြီးနာခြင်း စတာတွေ ဖြစ်နိုင်သလို ဆီးသွားလမ်းကြောင်း ပိုးဝင်လို့ ဗိုက်နာခြင်း စတာတွေဖြစ်နိုင်ပါတယ်။
(၇) အဖျားကြီးခြင်း၊ (အထူးသဖြင့် ငှက်ဖျားအဖြစ်များသော ဒေသများတွင်)
(၈) အသက်ရှုကြပ်ခြင်း၊ မောခြင်း
မိသားစုက အမေနဲ့ ရင်သွေးလေးရဲ့ အန္တရာယ် မီးနီလေးတွေသိပြီး သတိထားပြီး အရေးတယူဆောင်ရွက်ခြင်းဖြင့် မေမေနဲ့ ရင်သွေးလေးကို စောင့်ရှောက်နိုင်ကြပါစေ။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ စက်တင်ဘာလထုတ်တွင် ဒေါက်တာမြသီတာ၏ ကိုယ်ဝန်ဆောင် မိခင်များအတွက် သတိပြုသင့်တဲ့ မီးနီမီးဝါ ဆောင်းပါးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
San Su Kyi Naing