များသောအားဖြင့် ကလေးငယ်လေးတေွမှာ (၅)နှစ်နှင့် (၁၀) နှစ်ဝန်းကျင်တွင် အဖြစ်များပါတယ်။ ရံဖန်ရံခါ (၅) နှစ်အောက် ကလေးတေွမှာ တေွ့တတ်ပါတယ်။
ကလေးငယ်တေွ ကျောက်ကပ်ရောင်ရတဲ့ အကြောင်းအရင်းကတော့ ဘက်တီးရီယားရောဂါနှင့် ဗိုင်းရပ်(စ်)ရောဂါပိုးများကြောင့် လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်း၊ နှာစေး၊ ချောင်းဆိုးဖြစ်ပြီးလှျင်သော်လည်းကောင်း၊ အရေပြားပေါ်တွင် ၀ဲ၊ ယားနာလေးများ ဖြစ်ပြီးလှျင်သော်လည်းကောင်း ယင်းရောဂါပိုးများ၏ နောက်ဆက်တွဲ ဆိုးကျိုးတေွကြောင့် ကျေက်ကပ်ရောင်ခြင်းဖြစ်တတ်ပါသည်။
လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းတေွ ဖြစ်လာလှျင် ထိရောက်စွာ ကုသမှုခံယူပါ။ အရေပြားမှာ ၀ဲ၊ ယားနာ စတာတေွ ဖြစ်ခဲ့လှျင်လည်း ဆေးများနှင့် သေချာစွာ ကုသပေးပါ။ ၀ဲစို၊ ၀ဲခြောက် တို့မှ တစ်ဆင့် ဘက်တီးရီးယားပိုးဝင်တတ်ပါသည်။ကလေးငယ်များ ဆေ့ာပြီးလှျင် တကိုယ်ရေ သန့်ရှင်းရေအတွက် လက်ဆေးပါ။ ဖုန်ထူသော နေရာများ၊ မနေပါနှင့် ဖုန်တေွမှလည်း ရောဂါပိုးပါတတ်ပါသည်။
ကျောက်ကပ်စရောင်ပြီဆိုလှျင် မျက်နှာများအန်းလာမည်။ခြေ၊ လက်များ၊ ဖောယောင်လာခြင်း၊ ဆီးအရောင်ရင့်ပြီး ရေနေွးကြမ်းရောင် ဆီးသွားခြင်း၊ ဆီးသွားနည်းလာခြင်း၊ သေွးပေါင်ချိန်တေွ တတ်လာခြင်း၊ သေွးပေါင်ချိန်တတ်ပြီး ခေါင်းကိုက်သဖြင့်၊ မှိန်းခြင်း၊ အန်းခြင်းနှင့် မောလာခြင်းများ၊ သေွးပေါင်ချိန်များလာပြီး တတ်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ အသက်ရှုကြပ်ခြင်း၊ ဆီးအထွက်နည်းလာပြီး၊ ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း စတဲ့ လက္ခဏာတေွှဖစ်လာလှျင် အသက်အန္တရာယ် ထိခိုက်စေပါတယ်။
ကျောက်ကပ်ရောင်လာပါက စောစီးစွာ ကုသမှု ခံယူပါ။
Ref: ပါရမီဆေးရုံ