မေမေတို့ရေ ရင်သွေးငယ်လေးတွေအတွက် သန့်ရှင်းစင်ကြယ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ဖို့အတွက် မိသားစုတွေအားလုံး ဂရုစိုက်နိုင်အောင် ပြောပြထားပေးဖို့လိုပါတယ်နော်။ ချွေးရွှဲနေတဲ့ အဝတ်တွေကို တာရှည် ဝတ်ပေးထားမယ်ဆိုရင် ကလေးမှာ ညှင်းလိုမျိုး အရေပြားရောဂါတွေဖြစ်ပွားတတ်ပါတယ်။ ရာသီဥတုအလိုက် ကလေးတွေကို အဝတ်အစားဝတ်ဆင်ပေးဖို့လိုအပ်ပါတယ်။ အခုလိုပူအိုက်တဲ့ရာသီမှာ ချည်သားအင်္ကျီလေးတွေဟာ ကလေးတွေအတွက် သင့်တော်ပါတယ်။
နောက်ထပ်သတိပြုရမှာက ဖျားနေတဲ့ကလေးတွေကို နိုင်လွန်ပါတဲ့ အင်္ကျီတွေ၊ သိုးမွှေးအင်္ကျီတွေ မဝတ်ပေးသင့်ပါဘူးနော်။ အပူချိန်ပိုတက်တတ်ပြီး ကလေးတက်သွားတတ်တာကြောင့်ဖြစ်ပါတယ်။
ကလေးတွေကို အပြင်ထွက်တဲ့အခါမှာလည်း ဖိနပ်စီးတာကို မေမေတို့က စနစ်တကျလေ့ကျင့်ပေးသင့်ပါတယ်နော်။ ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ
(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး