မွေးမွေးပြီးခြင်းမှာ ချက်တိုင်ကို ဖြတ်ပြီးရင် ဘာတွေကို အဓိကထား ဂရုပြုဖို့လိုအပ် ပါသလဲ ။
ကလေးမွေးမွေးပြီးခြင်းတော့ ကလေးတိုင်းကို ချက်ဖြတ်ရပါတယ်။
ချက်ဖြတ်ပြီးရင်တော့ သွေးယိုစိမ့်ခြင်း မရှိအောင် စောင့်ကြည့်ရမှာပေါ့။
သွေးယိုစိမ့်ရင်လည်း ချက်ကနေ သွေးယိုနေသလား ဒါကို ကြည့်ရတယ်။
ချက်ကို ချည်ထားတဲ့ ကြိုးလျှော့နေသလား ဒါကိုကြည့်တယ်။
ယနေ့ခေတ်မှာတော့ ချက်ကို ကြိုးမချည်တော့ဘဲ ချက်ညှပ်ကလစ်နဲ့ သေချာ ညှပ်ထားတဲ့ အတွက်ကြောင့် ချည်ထားတဲ့ ကြိုးလျော့နေခြင်း ဆိုတဲ့ အနေအထားမျိုးဟာ ဖြစ်ဖို့ အခွင့်အလမ်းတော့ နည်းသွားပါတယ်။
သွေးယိုလား/ မယိုဘူးလားဆိုတာတော့ မွေးမွေးပြီးခြင်း အနည်းဆုံး ပထမ ၁၂ နာရီအတွင်း မှာတော့ စောင့်ကြည့်ဖို့လိုပါတယ်။
ဖြတ်ထားတဲ့ ချက်ငုတ်ကို ဘာနဲ့မှ မအုပ်ဘဲ ဒီအတိုင်းထားဖို့လိုပါတယ်။
ချက်ငုတ်ထဲကို ဘာမှ မထည့်ဘို့၊ ချက်ကို ဘာနဲ့မှ မအုပ်ဘဲ ဒီအတိုင်းခြောက်သွေ့ သန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ ချက်ကနေ ပြင်းထန်တဲ့ ရောဂါပိုးများ အဓိက ၀င်ရောက်နိုင်ပါတယ်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁ရ ဖေဖော်ဝါရီလ ထုတ်တွင် ပါမောက္ခ ဒေါက်တာ အေးအေးသိန်း၏ မွေးကင်းစ ကလေး နှင့် ချက်ကျန်းမာရေး မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
San Su Kyi Naing