စျေး မီဒီယာ
အခြား

သင်္ကြန်ရေကစားမယ့်ကလေးငယ်တေွကို ဘယ်လိုတေွှကိုတင်မှာထားသင့်လဲ .. ?

Posted by Harry April 12, 2018
Isl3xnvd4w2tr5lo15pd

မေမေ၊ ဖေဖေတို့ရေ ရင်သေွးငယ်လေးတေွ သင်္ကြန်ရေကစားတော့မယ်ဆိုရင် ဒီအချက်လေးတေွကို လိုက်နာကြဖို့အတွက် ဖေဖေ၊ မေမေတို့က ကြိုတင်ပြီးသတိပေးမှာထားဖို့လိုပါတယ်နော်။
- မျက်နှာတည့်တည့်ကို မပက်ပါစေနဲ့
ကလေးအချင်းချင်း မျက်နှာရေပက်ဆော့ကစားကြပြီး မျက်လုံးကိုထိခိုက်တာ၊ မျျက်နှာအရေပြားစုတ်ပြဲတာတေွှဖစ်တတ်ပါတယ်နော်။
- နောက်ကျောကုန်းကို မပက်ပါစေနဲ့
ခွက်စောင်းခုတ်တာမျိုးအပါအဝင် အဲ့ဒီလိုပုံစံတေွနဲ့ နောက်ကျောကုန်းကိုအားနဲ့ပက်မိတဲ့အခါ အဆုပ်ကွာတဲ့အန္တရာယ်ဖြစ်တတ်တာကြောင့် ကလေးတေွကို နားလည်အောင် သေချာရှင်းပြထားသင့်ပါတယ်။
- ရေကစားရင်း ရန်မဖြစ်ပါစေနဲ့
အချင်းချင်းရန်မဖြစ်မိစေဖို့လည်း အရေးကြီးပါတယ်။ သင်္ကြန်ရေကစားချိန်သာမက အခြားဆော့ကစားချိန်တေွမှာလည်း ကလေးအချင်းချင်းဆော့ကစားရင်း ရန်မဖြစ်စေဖို့ မိဘတေွက သတိပေးသင့်ပါတယ်နော်။
- ရေပူကြီးနဲ့ မပက်ပါစေနဲ့
မေမေတို့ရေ ဆော့ကစားရင်း နေပူတာကြောင့် ရေပူပူတေွှဖစ်သွားတတ်ပါတယ်။ အဲ့ဒီလိုရေပူတေွနဲ့ မပက်စေဖို့ကိုလည်း မေမေတို့ကကြိုတင်ပြီး ပြောပြထားဖို့လိုပါတယ်နော်။ အန္တရာယ်ရှိလို့ပါ။
- ချော်မလဲစေဖို့ သတိပြုပေးပါ
မိဘတေွကိုယ်တိုင်ကလည်း ကလေးတေွ ရေဆော့ကစားရင်း ချော်မလဲဖို့ ဂရုစိုက်ပေးဖို့လိုသလို ကလေးတေွကိုလည်း ဂရုစိုက်ဖို့အတွက် ကြိုတင်မှာကြားပေးသင့်ပါတယ်နော်။ ဆော့ကစားရင်း ချော်လဲကျချိန်မှာ ယာဉ်သွားယာဉ်လာတေွနဲ့ ကလေးတေွအတွက် အရမ်းကို အန္တရာယ်ရှိပါတယ်နော်။

(မေ့ရင်သေွးမဂ္ဂဇင်းမှ ကိုးကားဖော်ပြပါသည်)

နှစ်သစ်မှာ မိသားစုတေွအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေနာ်။

မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
Photo - Credit

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.