
ကလေးတို့အတွက် အရသာလဲရှိပြီး၊ အာဟာရလဲ ပြည့်ဝစေတဲ့ ဖြည့်စွက်စာတေွကို ချက်ပြုတ်ကျေွးနေရတဲ့ မေမေတို့အတွက် အချိန်လဲသက်သာ၊ ပြင်ဆင်ကျေွးရတာလည်း လွယ်ကူစေတဲ့ ဖြည့်စွက်စာလေးတေွကို ဖော်ပြပေးလိုက်ပါတယ်။ ၆ လကျော်တာနဲ့ သားသားမီးမီးတို့ကို မိခင်နို့အပြင် ဖြည့်စွက်စာလည်း မဖြစ်မနေ ကျေွးသင့်ပါတယ်။ ဖြည့်စွက်စာကို ကလေးတေွ ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာ မေမေတို့ တာဝန်ပါ။
မေမေတို့ရေ ဒီတစ်ခါမှာတော့ အားဖြည့်ဆန်လေးနဲ့အတူတူ ဘေဘီလေးတို့အတွက် ပန်းသီး၊ ငှက်ပျောသီး မစ်ရှိတ်လေးကို ပြင်ဆင်ကျေွးမေွးလိုက်ရအောင်နော်။ ဘေဘီလေးတေွလည်း အကြိုက်တေွ့ပြီး အများကြီးစားမှာသေချာပါတယ်။
ပန်းသီး၊ ငှက်ပျောသီး မစ်ရှိတ်
================
ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် (သို့မဟုတ်) ဆန်လုံးညို ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ (ရေဆေးပြီး ၂ နာရီခန့်ရေစိမ်ထားပါ)
- ငှက်ပျောသီး ... ၁ လုံး
- ပန်းသီး ... ၁ လုံး
- ရေ ... ပန်းကန်လုံး ၃ လုံး
ပြင်ဆင်ချက်ပြုတ်နည်း ...
(၁) ဦးစွာအိုးသန့်သန့်ထဲသို့ ဆန်ကိုရေစစ်ပြီးထည့်လေှာ်ပါ။
(၂) ခဏကြာလှျင် ရေထည့်ပြီး မေွှပေးပါ။
(၃) အပူချိန်ကို အသင့်အတင့်ထားပြီး ရေပွက်ပွက်ဆူလာသည်အထိတည်ထားပါ။
(၄) ရေဆူလာပြီး ၁၅ မိနစ်ခန့်ဆက်တည်ထားပါ။
(၅) ပန်းသီးကို အူတိုင်ဖယ်ပြီး အစိပ်လေးများစိတ်၍ အိုးထဲသို့ထည့်မေွှပြီး ၁၅ မိနစ်ခန့်အဖုံးအုပ်ထားပါ။
(၆) ပန်းသီးနှင့် ဆန်အနူးကိုစမ်းသပ်ပြီး အအေးခံလိုက်ပါ။
(၇) အအေးခံပြီးပါက ကျိတ်မေွှစက်ထဲသို့ထည့်ပါ။ ငှက်ပျောသီးအခွံခွာပြီး လှီးထည့်ပါ။ ပြီးလှျင်စက်ဖြင့်မေွှပြီး ရင်သေွးငယ်များကို အသင့်ကျေွးမေွးနိုင်ပါပြီ။
Ref; မေ့ရင်သေွး