မေမေတို့ရေ နို့တိုက်မေမေတွေအနေနဲ့ အစားအစာတွေကို အခြားမေမေတွေထက် ပိုမိုစားသုံးပေးဖို့လိုအပ်ပါတယ်နော်။ အချို့သောနို့တိုက်မေမေတွေက အစားရှောင်တတ်ကြပါတယ်။ တကယ်တော့ နို့တိုက်မေမေတွေအနေနဲ့ အစားမရှောင်သင့်ပါဘူး။ ငြုပ်သီးအစပ်၊ လက်လုပ်ချဉ်နဲ့ မလတ်ဆတ်တဲ့အစားတွေကလွဲပြီး အာဟာရဓာတ်တွေပြည့်ဝအောင်စားသုံးသင့်ပါတယ်နော်။
နို့တိုက်မေမေတွေအနေနဲ့ ပုံမှန်စားနေတဲ့ အစားစားချိန် သုံးနပ်အပြင် အနည်းဆုံး ၂ ထပ်ပိုပြီးစားသင့်ပါတယ်။ ဒါ့အပြင်အားရှိတဲ့သားရေစာတွေကိုလည်း တစ်နေ့ကို သုံးကြိမ်စားပေးသင့်ပါတယ်။ နို့တိုက်မေမေတွေအနေနဲ့ ရင်သွေးငယ်တွေကိုနို့တိုက်ပြီးချိန်တိုင်းမှာ ဆာလောင်တတ်ပါတယ်။ အဲ့ဒီလိုဆာလောင်ချိန်မှာ အစားစားချိန်တစ်ချိန်နဲ့တစ်ချိန် အများကြီးမစားဘဲ နည်းနည်းစီနဲ့ အကြိမ်ရေများများစားသင့်ပါတယ်။ ရေလည်းများများသောက်ပေးသင့်ပါတယ်။ နောက်ပြီးနို့တိုက်မေမေတွေက အစာစားပြီးတိုင်းမှာ ရာသီပေါ်သီးနှံတစ်မျိုးမျိုးကို စားသုံးပေးသင့်ပါတယ်နော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)
မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)