မေမေတို့ရေ ရင်သွေးငယ်လေးတွေကို အသက် ၆လမတိုင်မီအချိန်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်နော်။ အချို့မေမေတွေကတော့ နို့ချိုထွက်ရှိဖို့ အခက်အခဲတွေကြောင့် နို့မှုန့်ဖျော်တိုက်ရတာတွေလည်းရှိပါတယ်။ အချို့မေမေတွေဆိုရင် ရင်သွေးလေးကိုမွေးဖွားပြီး အလုပ်တက်၊ ရုံးတက်တွေနဲ့ မိခင်နို့သာမက နို့မှုန့်ကိုလည်း တွဲဖက်တိုက်ကျွေးရပါတယ်။ အဲ့ဒီလိုမျိုး သားသားမီးမီးတို့ကို နို့ဗူးတိုက်ကျွေးမယ်ဆိုရင်တော့ သတိပြုသင့်တာလေးတွေကို ကျားလေးကမျှဝေပေးမယ်နော်။
မေမေတို့ရေ ဘေဘီလေးတွေကို နို့ဗူးတိုက်မယ်ဆိုရင်တော့ ...
- နို့ဗူး၊ နို့သီးခေါင်း ကို စနစ်ကျဆေးကြောဖို့လိုပါတယ်။ ဖြစ်နိုင်ရင် နို့ဗူးပေါင်းစက်ထဲကိုထည့်ပြီးမှအသုံးပြုသင့်ပါတယ်။
- နို့ဗူးပေါင်းစက်အဆင်မပြေရင်လည်း နို့ဗူးနဲ့ နို့သီးခေါင်းလေးတေွကို ရေနွေးနွေးလေးနဲ့ သေချာသန့်စင်ဆေးကြောပြီးမှ အသုံးပြုသင့်ပါတယ်။
- နို့မှုန့်ဖျော်စပ်တဲ့အခါမှာလည်း ညွှန်ကြားချက်၊ အညွှန်းပါအတိုင်း စနစ်တကျနဲ့ နည်းလမ်းမှန်မှန်ဖျော်စပ်သင့်ပါတယ်။
- နို့မှုန့်ဖျော်တဲ့ ရေနွေးကိုလည်း ရေသန့်ကိုသာသုံးစွဲပါ။
- ကျိုချက်မယ့်ရေနွေးအိုးကိုလည်း သန့်စင်ဖို့အတွက် ဂရုစိုက်ပေးပါ။
- နို့ဗူးတိုက်ကျွေးမယ့်သူရဲ့ လက်တွေကိုလည်း ဆပ်ပြာ (သို့) လက်သန့်ဆေးနဲ့သေချာဆေးကြောသန့်စင်ပြီးမှသာ ရင်သွေးငယ်ရဲ့ နို့ဖျော်တာ၊ နို့ဗူးတိုက်တာတွေကို ပြုလုပ်ပေးသင့်ပါတယ်။
ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး