
ကလေးတို့အတွက် အရသာတစ်မျိုး ထူးခြားပြီး၊ အာဟာရလဲ ပြည့်ဝစေတဲ့ ဖြည့်စွက်စာတေွကို ချက်ပြုတ်ကျေွးနေရတဲ့ မေမေတို့အတွက် အချိန်လဲသက်သာ၊ ပြင်ဆင်ကျေွးရတာလည်း လွယ်ကူစေတဲ့ ဖြည့်စွက်စာလေးတေွကို ဖော်ပြပေးလိုက်ပါတယ်။ ၆ လကျော်တာနဲ့ သားသားမီးမီးတို့ကို မိခင်နို့အပြင် ဖြည့်စွက်စာလည်း မဖြစ်မနေ ကျေွးသင့်ပါတယ်။ ဖြည့်စွက်စာကို ကလေးတေွ ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာ မေမေတို့ တာဝန်ပါ။
ပဲမုန်လာဥနီ အနှစ်
==========
ပါ၀င်ပစ္စည်းများကတော့-
မုန်လာဥနီ၊ အညို ၄ လုံး၊ သံလွင်ဆီ၊ ကြက်သွန်ဖြူ ၊ ယင်းမာပဲ ၄၀၀ ဂရမ်၊ သံပုရာသီး။
ပြုလုပ်ပုံအဆင့်ဆင်
(၁) မုန်လာဥနီများကို ရေဆေးကာ အခွံနွှာပြီး ပိုင်းဖြတ်ပါ။ ပဲများကို ပြုတ်ထားပါ။
(၂) မုန့်ဖုတ်ဗန်းထဲတွင် ဆီစိမ်စက္ကူခံပြီး စီထည့်ပါ။ သံလွင်ဆီ အနည်းငယ် ဖြန်းပေးကာ အပူချိန် 200C/ 400C ထားပြီး မိနစ် ၃၀ ခန့်ထားပါ။
(၃) oven ထဲမှထုတ်ပြီး အအေးခံကာ Blender ထဲထည့်ကြိတ်ပါ။ ပဲပြုတ်၊ သံလွင်ဆီ၊ ရေ၊ သံပရာရည် ညှစ်ထည့်ပြီး ကြိတ်ရပါမယ်။ ဆားကို အနည်းငယ်ချိန် ထည့်ပါ။ မထည့်လဲ ရပါတယ်။
(၄) ၂ မိနစ်ခန့်ကြာ ရောမေွှ ကြိတ်ပြီးသွားရင်တော့ အသင့်စားသုံးနိုင်သော မေွှးမြတဲ့ “ ပဲမုန်လာဥနီအနှစ်” ကို ရရိှပါပြီး။
မေမေတို့ အချိန်ကုန်သက်သာပြီး ကလေးများ အတွက်လည်း အာဟာရပြည့်ဝစေမယ့် ချက်ပြုတ်နည်း လေးတေွပဲ ဖြစ်ပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ် လောက်သာ ကြာပါတယ်။ ကျန်းမာရေးအနေနဲ့ အမှျင်ဓာတ်၊ သံဓာတ်အားကောင်းစေပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေပါတယ်။
Ref; မေ့ရင်သေွး