
မြန်မာနိုင်ငံအတွက် ထမင်းဟာ ပင်တိုင်အစားအစာ ဖြစ်ပါတယ်။ ထမင်းဟာ အဓိက အစာဆိုလည်း မမှားပါဘူး။ ထမင်းမှာ အစာအာဟာရေတေွ ကြွယ်ဝပါတယ်။ ထမင်းမှာ အင်အားဖြစ်စေတဲ့ ကာဗွန်ဟိုက်ဒရိုတ် အာဟာရဓာတ် အများဆုံးပါ၀င်ပြီး ကြီးထွားစေတဲ့ ပရိုတင်းဓာတ် ၈ ရာခိုင်နှုန်းခန့်လည်း ပါ၀င်ပါတယ်။ ဒါ့အပြင် ထမင်းမှာ ဗီတာမင်အချို့နှင့် သတ္တုဓာတ်အချို့လည်း ပါ၀င်ပါတယ်။ ကလေးငယ်လေးတေွအတွက် ထမင်းဟာ အစာအာဟာရ ဖြစ်စေတဲ့ အစာဆိုရင်လည်း မှန်ပါတယ်။ ဒါပေမယ့် မိဘတေွက ကလေးတေွ ထမင်းစားမှ ထွားတယ်ဆိုပြီး တစ်သတ်မှတ်တည်း တစ်ယူသန်မှတ်နေကြပါတယ်။
အချို့ မိခင်တေွဟာ ကလေးတေွ ထမင်းများများမစားကြလို့ ညည်းတွားနေကြပါတယ်။ မိခင်အချို့ကို ထမင်းမစားရင် ဘာစားလဲလို့ မေးတဲ့ အခါ အသားငါးစားကြကြောင်း၊ ဘီစကစ်၊ ပေါင်မုန့် စားကြပေါတယ်။ တကယ်တော့ အသားနှင့် ငါးတို့ကို စားသုံးခြင်းကလည်း ထမင်းထက်ပိုပြီး ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ ပရိုတင်းဓာတ်ဟာ ကလေးအတွက် ကြီးထွားမှု အတွက် သင့်လေှျာ်ပါတယ်။ ဂျုံဖြင့် ပြုလုပ်ထားသောမုန့် ပေါင်မုန့်၊ ဘီစကစ်၊ များနှင့် ဆန်၊ ကောက်ညှင်းတို့နှင့် ပြုလုပ်ထားသော ဘိန်းမုန့်၊ ကောက်ညှင်းပေါင်း စတာတေွစားရင်လည်း ထမင်းစားသလို အာဟာရဖြစ်ပါတယ်။
Ref : ဒေါက်တာလှကြည်(ရင်သေွးငယ်အာဟာရသန္ဓေသားမှစ)