Kyarlay.com

over 1 year

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အဆီဓာတ်နဲ့သိကောင်းစရာ ..


Kykz9k2qahll2suhehzv

ဖေဖေ၊ မေမေတို့ရေ ခန္ဓာကိုယ်အတွက် ရရှိတဲ့အဆီဓာတ်က ကစီဓာတ်နဲ့အသားဓာတ်တို့ထက် အင်အားကို နှစ်ဆပိုမို ရရှိစေပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီဓာတ် 1 kg လောင်ကျွမ်းရုံနဲ့တင် အင်အားဓာတ် 9 kcal ကိုရရှိစေနိုင်တာကြောင့် အဆီဓာတ်ကခန္ဓာကိုယ်အတွက် အထောက်အပံ့ကောင်းတွေပေးစွမ်း နိုင်ပါတယ်။

နေ့စဉ်စားသုံးလိုက်တဲ့ အဆီဓာတ်က အစာအိမ်၊ အူသိမ်အတွင်းရောက်တဲ့အခါ သည်းခြေရည်နဲ့ ပန်ကိရိယကထွက်တဲ့ အစာချေရည်တွေနဲ့ ချေဖျက်ခံရပြီး ခန္ဓာကိုယ်တွင်းကို စိမ့်ဝင်ရောက်ရှိသွားတာဖြစ်ပါတယ်။ အဲ့ဒီလိုစိမ့်ဝင်သွားတဲ့ အဆီဓာတ်တွေကနေ အင်းအားအဖြစ်ပြောင်းလဲ အသုံးချသွားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင်မှာ အချို့အဆီဓာတ်တွေကို ခန္ဓာကိုယ်ဆဲလ်တွေတည်ဆောက်ဖို့၊ အချို့ကိုအဆီပြင်စုဆောင်းဖို့အဖြစ် သိုမှီးထားမှုတွေလည်းရရှိပါတယ်နော်။ ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့အပါအ၀င် မိသားစုဝင်အားလုံး ဂရုစိုက်သင့်တာကတော့ အဆီဓာတ်က အင်အားရစေနိုင်တဲ့အပြင် မလိုအပ်ဘဲ အဆီတွေအရမ်းများသွားရင်တော့ ခန္ဓာကိုယ်မှာကယ်လိုရီတွေမြင့်တက်ပြီး အဆီပိုလျှံသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

မေမေတို့ရေ အဆီဓာတ်က ခန္ဓာကိုယ်အတွက် ဘယ်လိုတွေဆောင်ရွက်ပေးတယ်ဆိုတာကို မျှဝေပေးမယ်နော်။
- ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Essential Fatty Acid ကိုထောက်ပံ့ပေးပါတယ်။
- အဆီမှာပျော်ဝင်တဲ့ ဗီတာမင် (A,D,E,K) များကို သယ်ဆောင်ပေးပါတယ်။
- အအေးဒဏ်နဲ့ထိခိုက်ဒဏ်ရာရရှိမှုက ကာကွယ်ပေးပါတယ်။
- Fatty Acid ပေါင်းစပ်ခြင်းနဲ့ အသားဓာတ်ရဲ့ဇီဝဓာတုလုပ်ငန်းတွေကို ပြောင်းလဲဆောင်ရွက်နိုင်ပါတယ်။
- အစားအစာအား ပိုမိုနူးညံ့ပျော့ပျောင်းစေပြီး အရသာပိုရှိစေပါတယ်။
- အရေပြားနဲ့ ဆံပင်အမွှေးအမင်တွေ ကျန်းမာစေဖို့ အထောက်အကူပေးပါတယ်။
- ရောဂါပိုးမွှားဝင်ရောက်နိုင်မှုကို ဟန့်တားပြီးဓာတုအဆိပ်တွေကို စုပ်ယူထိန်းချုပ်ပေးပါတယ်။
- ခန္ဓာကိုယ်အတွက် အရန်အင်အားဓာတ်သိုလှောင်ရုံလည်းဖြစ်ပါတယ်နော်။

ဖေဖေမေမေတို့ရေ အဆီဓာတ်နဲ့ပတ်သက်လို့ ဘယ်လိုမျိုးအထောက်အပံ့ရနိုင်တယ်ဆိုတာတွေကို သိပြီဆိုတော့ သားသားမီးမီးတို့ကိုကျွေးမွေးတဲ့အစားအစာတွေထဲမှာ အဆီဓာတ်ရရှိစေနိုင်တဲ့ အစားအစာတွေကို အတိုင်းအတာတစ်ခုအထိ ထည့်သွင်းကျွေးမွေးနိုင်စေဖို့ ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
Ref;HM (ကျားလေး)