
မတ်ခရု (Oral thrush) ဆိုတာ ပါးစပ်အတွင်း မှိုတတ်ခြင်းပဲ ဖြစ်ပါတယ်။ ပါးစပ်သန့်ရှင်းမှုမရှိတဲ့ အတွက် (Candidla albicum) ဆိုတဲ့ ပိုးဝင်ပြီး လှျာ၊ ပါးစောင်၊ တို့မှာ အဖြူအဖပ်များ ဖြစ်နေတတ်ပါတယ်။ မျက်စိနဲ့ ကြည့်ပါက ကလေးပါးစပ်မှာ နို့ဖက်များ ကပ်နေတာနဲ့ တူပါတယ်။ ဒါပေမယ့် ၄င်းတို့ကို လွယ်လွယ်ကူကူ ဖယ်ရှားလို့ရခဲ့ရင်လည်း ပါးစပ်မှာ အနီပြင် ဖြစ်ကျန်နေတဲ့ပြီး သေွးထွက်ခြင်း နာခြင်းတို့ ဖြစ်တတ်ပါတယ်။ မက်ခရုဟာ ပါးစပ်မှာသာမက အူလမ်းကြောင်း အထိပါသွားနိုင်ပြီး ကလေးဝမ်းပျက်တတ်ပါတယ်။ ပါးစပ်နာတဲ့ အတွက် နို့မစို့နိုင်ခြင်းဖြစ်ပါတယ်။
ပါးစပ်အတွင်းမှာ မက်ခရုမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုရင် နို့စို့အရွယ်ကလေးရဲ့ ခံတွင်းသန့်ရှင်းရေးကို မိခင်ကိုယ်တိုင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နို့မတိုက်မီ လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို သန့်ရှင်းရေး လုပ်ပေးနေစဉ် ကလေးဟာ ပျို့ အန်တတ်တဲ့ အတွက် နို့အန်မထွက်စေဖို့ နို့မတိုက်ခင်မှာ လုပ်ပေးရပါမယ်။
ရေနေွးစိမ်ထားတဲ့ ဂွမ်း၊ ဒါမှမဟုတ် သန့်ရှင်းတဲ့အဝတ်စ မျက်နှာသုတ် ပဝါရေနေွးနဲ့ စိမ်ပြီး မိခင် ရဲ့ လက်ညှိုးလက်သန်းမှာ ရစ်ပတ်ပြီး ကလေးရဲ့ ပါးစပ်နဲ့ လှျာကို အနည်းဆုံး မနက်တစ်ကြိမ်၊ ပွတ်တိုက်ပေးသင့်ပါတယ်။ ကလေးရဲ့ မျက်နှာ သစ်ပေးပြီးပါက ခံတွင်းသန့်ရှင်းရေးကို နေ့စဉ် လုပ်ပေးသင့်ပါတယ်။ အဝတ်၊ဂွမ်းတို့နဲ့ မလုပ်လိုပါက ကလေးလှျာပွတ်တံ ပျော့ပျော့ကို လက်ညှိုးမှာစွတ်ပြီး လှျာပွတ်ပေးပါ။ ပြီးရင် ရေဆေးပေးပါ။ ရေနေွးနဲ့ စိမ်ထားပါ။