Kyarlay.com

over 1 year

အသီးအရွက်စုံ အာဟာရဖြည့်စွက်စာ ...


Bon1qq8s22qr12lrmyrj

ကလေးတို့အတွက် အရသာလဲရှိပြီး၊ အာဟာရလဲ ပြည့်ဝစေတဲ့ ဖြည့်စွက်စာတွေကို ချက်ပြုတ်ကျွေးနေရတဲ့ မေမေတို့အတွက် အချိန်လဲသက်သာ၊ ပြင်ဆင်ကျွေးရတာလည်း လွယ်ကူစေတဲ့ ဖြည့်စွက်စာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၆ လကျော်တာနဲ့ သားသားမီးမီးတို့ကို မိခင်နို့အပြင် ဖြည့်စွက်စာလည်း မဖြစ်မနေ ကျွေးသင့်ပါတယ်။ ဖြည့်စွက်စာကို ကလေးတွေ ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျွေးပေးရမှာ မေမေတို့ တာဝန်ပါ။

မေမေတို့ရေ သားသားမီးမီးတို့ အာဟာရပြည့်ဝစေပြီး ကြီးထွားဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမယ့် အသီးအရွက်စုံ အာဟာရဖြည့်စွက်စာပြုလုပ်နည်းလေးကို မျှဝေပေးမယ်နော်။
အသီးအရွက်စုံ အာဟာရဖြည့်စွက်စာ
===================

ပါဝင်ပစ္စည်းများ ...
- ဂေါ်ဖီထုပ် ... ၁ စိတ်
- မုန်လာဥနီ (ခါကြက်ဥ) ... ၁ လုံး
- သခွားသီး ... ၁ လုံး
- ပန်းစိမ်း (ပန်းဂေါ်ဖီအစိမ်းရောင်) ... ၁ ခြမ်း
- ပန်းဂေါ်ဖီပွင့် ... ၁ ခြမ်း
- ရွှေဖယုံသီး ... အရွယ်တော် ၁ စိပ်
- ကြက်သွန်နီ ... ဥကြီး ၁ ဥ
- ဂျင်း ... အနည်းငယ်
- ကြက်သွန်ဖြူ ... ဥကြီး ၁ မွှာ
- ရေ ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာ ပါဝင်ပစ္စည်းများအားလုံးကို ရေစင်အောင်ဆေးပါ။ အသီးအရွက်များကို ပိုးသေစေရန် ဆားရည်ဖြင့်ဆေးကြောပေးလျှင် ပိုကောင်းပါသည်။
- ဂေါ်ဖီထုပ်ကို လှီးပါ။ ခါကြက်ဥကို အခွံသင်ပြီး အတုံးလေးများတုံးပါ။
- သခွားသီးကို လှီးပါ။ ပန်းစိမ်းကိုလှီးပါ။ ပန်းဂေါ်ဖီထုပ်ကို လှီးပါ။ ရွှေဖယုံသီးကို အခွံခွာပြီးလှီးပါ။
- ဂျင်းကို အခွံခွာပြီး ပါးပါးလှီးပါ။ ကြက်သွန်ဖြူအခွံခွာထားပါ။
- ကြက်သွန်နီကို အခွံခွာပြီး စိတ်ပါ။
- ပြီးလျှင်ပါဝင်ပစ္စည်းများအားလုံးကို အိုးသန့်သန့်ထဲသို့ လှီးထားသည့်ဂေါ်ဖီများကို ခံထည့်ပါ။
- မီးဖိုပေါ်တွင် ရေအနည်းငယ်ဖြင့် အသီးအရွက်များ နူးအိသွားသည်အထိပေါင်းပါ။
- ပြီးလျှင် မီးဖိုပေါ်မှချပြီး blender ဖြင့်ထည့်ကျိတ်ပြီး ကျေညက်အောင် ပြုလုပ်ပြီး ကလေးကိုကျွေးမွေးနိုင်ပါပြီ။
ref; မေ့ရင်သွေး