(၈) ပူလို့ သို့မဟုတ် အေးလို့
===============
ပူလွန်းတဲ့အခါ၊ အေးလွန်းတဲ့အခါတေွမှာ ကလေးကို နေရထိုင်ရတာ မသက်မသာ ဖြစ်စေပြီး ငိုကြေွးစေပါတယ်။ ရာသီဥတု ပူနေရင် ကလေးကို ချည်သားပွပွ အဝတ်အစားလေးတေွနဲ့ လဲလှယ်ပေးတာမျိုး၊ ချမ်းစိမ့်တဲ့ ရာသီဥတု ဖြစ်နေရင် သို့မဟုတ် အဲယားကွန်းခန်းထဲမှာ ကလေးကို သိပ်ထားတယ်ဆိုရင် အနေွးထည် ထပ်ဝတ်ပေးတာမျိုး လုပ်ပေးပါ။
(၉) ထိပ်လန့်လို့
=========
ကျယ်လောင်တဲ့ ဆူညံသံ၊ ပြင်းထန်တဲ့ ရေွ့လျားမှုနဲ့ ကြောက်လန့်ဖွယ် မြင်ကွင်းတေွဟာ ကလေးကို ထိန့်လန့် တုန်လှုပ်စေပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အဲဒီ ပတ်ဝန်းကျင်နဲ့ မထိတေွ့မိအောင် ရေှာင်ရှားပေးပါ။ ကလေးတေွကို ထိတ်လန့်စေတာကလည်း ငိုရခြင်း အကြောင်းအရင်းတေွထဲက အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။
(၁၀) ဗိုက်နာလို့
=========
ကလေးဟာ နို့စို့နေရာကနေ ဗိုက်ခဏခဏနာပြီး ငိုကြေွးတတ်ပါတယ်။ ကလေးအသက် ၆ လ အထိ မိခင်နို့ တစ်မျိုးတည်း တိုက်ဖို့လိုပါတယ်။ နို့တိုက်ကျေွးနေတဲ့ ကာလအတွင်းမှာ မိခင်အနေနဲ့ အာဟာရ ပိုအောင်စားဖို့ လိုပါတယ်။ နို့တိုက်ပြီးတိုင် လေထုတ်ပေးခြင်းဖြင့် လေထိုးပြီး ကလေးငိုတဲ့ အဖြစ်မျိုးကို ကာကွယ်နိုင်မှာပါ။
လေမထုတ်ပေးလို့ ဖြစ်တဲ့ လေထိုးပြီး ကလေးငိုတဲ့ ပြဿနာကို မိခင် လေထစေတဲ့ အစားအသောက်တေွစားလို့ ဖြစ်တယ်ဆိုပြီး အစားအသောက်တေွ ရေှာင်ခြင်းဟာ လွဲမှားတဲ့ အယူအဆ ဖြစ်ပါတယ်။ မိခင်ကို အာဟာရချို့တဲ့စေပြီး မိခင်နို့ကို အားထားနေရတဲ့ မေ့ရင်သေွးလေးပါ အာဟာရချို့တဲ့ပြီး ကျန်းမာရေရော၊ ဉာဏ်ရည်ဉာဏ်သေွးကိုပါ ထိခိုက်စေနိုင်ပါတယ်။
မမြင်ရတဲ့ အနေှာက်အယှက်တေွက ကလေးကို ခြောက်လှန့်လို့ ငိုတယ်ထင်ပြီး ခေါစာပစ်တယ်ဆိုတဲ့ အယူအဆကလည်း လွဲမှားတဲ့ အယူအဆပါ။ နို့ဗူးတိုက်ရတဲ့ မေမေတေွက ဖျော်တိုက်တော့မယ်ဆို ကော် သို့ ပလက်စတစ် နို့ဘူးအစား ဖန်နို့ဘူးကိုပဲ အသုံးပြုပါ။
ဘယ်လို့မှ ချော့မရတော့ဘူးဆိုရင်တော့ နေမကောင်းတာကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လို့ပါတယ်။
#ကလေးတေွကို ငိုစေတဲ့ အကြောင်းအရင်း စုစုပေါင်း ၁၀ ချက် ရှိပါတယ်။ ဘာကြောင့် ကလေးငိုတာလဲဆိုတာနဲ့ ဘယ်လိုလုပ်ပေးရင် ကလေးအငိုတိတ်သွားမလဲဆိုတာတေွကို ဖော်ပြခဲ့ပြီလည်း ဖြစ်တာမို့ ကလေးမိဘတေွ အနေနဲ့ မိမိတို့ ကလေးဟာ အပေါ်မှာ ဖော်ပြထားတဲ့ အချက်တေွထဲက ဘယ်အချက်ကြောင့် ငိုရတာလဲဆိုတာကို သေချာဆန်းစစ်ပြီး ကလေးကိုလည်း ငိုပီး မမောစေတော့ဘဲ၊ လူကြီးတေွလည်း မပင်ပန်းရတော့ဘဲ ကောင်းကောင်းမွန်မွန်နဲ့ အိပ်စက်အနားယူနိုင် ကြပါပီ။
Ref; မေ့ရင်သေွးမဂ္ဂဇင်း
#NW