စျေး မီဒီယာ
အခြား

ယနေ့အတွက် စားစရာ အလွယ်တကူပြင်ဆင်နိုင်ဖို့အတွက် အာလူး၊ ခါကြက်ဥထမင်းပေါင်း

Posted by Harry April 16, 2018
C2kgys7polc2b4hs78ym

မေမေတို့ရေ ဒီနေ့အတွက်တော့ အာလူ၊ ခါကြက်ဥကိုရောပြီး ထမင်းပေါင်းလေးဖန်တီးကျေွးရအောင်နော်။ ဘေဘီတို့အတွက် စားချင်စဖွယ် အမြဲတမ်းတောင်းဆိုနေမယ့် ဖြည့်စွက်စာလေးပေါ့။

ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် (သို့) ဆန်လုံးညို ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ (ရေဆေးပြီး ရေစိမ်ထားပါ)
- အာလူး ... ၁ လုံး (အခွံခွာရေဆေးပြီး ပါးပါးလှီးပြီး ရေစိမ်ထားပါ)
- မုန်လာဥနီ(ခါကြက်ဥ) ... ၁ လုံး (အခွံခွာရေဆေးပြီး လှီးထားပါ)
- ရေပန်းကန်လုံး ... ၃ လုံး
- ဆား ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဟင်းပေါင်းအိုးသန့်သန့်ထဲသို့ ဆန်ကိုရေစစ်ပြီးထည့်ပါ။
- အာလူးကိုရေစစ်ပြီးထည့်ပါ။
- ခါကြက်ဥထည့်ပါ။
- ရေထည့်ပါ။
- ပြီးလှျင် ပေါင်းအိုးအဖုံးကိုသေချာပိတ်ပြီး မီးဖိုပေါ်တင်ပေါင်းပါ။
(ဟင်းပေါင်းအိုးအဆင်မပြေပါက ထမင်းပေါင်းအိုးဖြင့်လည်း ချက်ပြုတ်နိုင်ပါသည်)
- ၁၅ မိနစ်ခန့်ပေါင်းပြီး ဆန်နှင့် ပါ၀င်ပစ္စည်းများနူးပါက မီးဖိုပေါ်မှချပြီး ဇကာသန့်သန့်ထဲသို့ ထည့်ချေပြီး ညှစ်ချပေးပါ။
- ညှစ်ချပြီးရလာသည့် ဖြည့်စွက်စာထဲသို့ ဆားအနည်းငယ်ထည့်မေွှပြီး ရင်သေွးငယ်များကို ကျေွးနိုင်ပါပြီ။
(အသက် ၆ လမှ ၁၀ လအရွယ် ရင်သေွးငယ်များအတွက်)

မိခင်နဲ့ရင်သေွးငယ်များအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.