စျေး မီဒီယာ
အခြား

မိဘများကပေးတဲ့ ကလေးများရဲ့ စိတ်ခံစားမှု

Posted by May Thaw Htoo March 20, 2022
Ywuxvyc7t5co9rshspnc

အိမ်ထောင်တစ်ခုမှာ မိဘနှစ်ပါးကရန်ဖြစ်ဒေါသထွက်နေရင် ကလေးတွေအပေါ်မှာ ဘယ်လောက်ထိခိုက်သွားနိုင်ပါသလဲ။


အိမ်ထောင်တစ်ခုမှာ မိဘနှစ်ပါးကတစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာရှိဖို့ အရေးကြီးပါတယ်။

နောက်တစ်ခုက အိမ်ထောင်မကျခင် သမီးရည်းစားဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ၊ ပြဿနာရှာတတ်ကြပေမယ့်။
အိမ်ထောင်ကျတဲ့အခါ မိဘတွေကရန်ဖြစ်မယ် အဖေနဲ့အမေက တစ်ယောက်နဲ့တစ်ယောက် အော်ငေါက်မယ်။
ဒေါသတကြီးနဲ့ ရိုက်ကြ၊ ပုတ်ကြ ဆိုရင် ကလေးကမြင်နေရရင် ကလေးစိတ်ထဲမှာ အများကြီးထိခိုက်နိုင်ပါတယ်။

ကလေးသဘာဝကတော့ မိဘဂရုစိုက်တာပဲလိုချင်နေတဲ့အချိန်မှာ မိဘရဲ့ဂရုစိုက်မှုကိုလည်းမရဘူး။
ကလေးစိတ်ထဲမှာ ဒေါသဖြစ်တယ်ဆိုတဲ့ အပြုအမှုဟာ
ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့နည်းလမ်းလို့ သူသတ်မှတ်သွားလိမ့်မယ်။

အိမ်မှာမိဘတွေ ရန်ဖြစ်နေတာကို တွေ့ရတဲ့ကလေးတွေက ကြီးလာတဲ့အခါမှာ ပြဿနာတစ်ခုကိုဒေါသနဲ့အမြန်ဆုံး ဖြေရှင်းလေ့ရှိပါတယ်။
နောက်တစ်ခုက ကလေးက အလိုမကျတာကို ဂျီကျတဲ့အခါမှာ

အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း ဒေါသတကြီးနဲ့ ကလေးကိုထပ်ရိုက်မယ်ဆိုရင် ကလေးအနေနဲ့ကနှစ်ခါခံရတာပေါ့နော်။

အဲဒီလို ကလေးကိုရိုက်လိုက်မယ်ဆိုရင် အဖေ၊ အမေ အပေါ်မှာလည်းကလေးက ယုံကြည်မှုနည်းသွားနိုင်တယ်။

သူတစ်ခုခု အခက်အခဲ ဖြစ်သွားရင်လည်း မပြောတော့ဘဲနဲ့
တစ်ခါတစ်ခါမှာ အသားအနာခံပြီးတော့ သူကိုယ်တိုင်သောင်းကျန်းသွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။

ဥပမာ- အဆင်ပြေနေတဲ့မိသားစုထဲက ကလေးတွေနဲ့ ကလေးအချင်းချင်းတွေ့တဲ့အခါမျိုးကျရင်

သူ့စိတ်ထဲမှာ အရမ်းထိခိုက်ခံစားရပါတယ်။

သူ့အနေနဲ့ ထုတ်ဖော်ပြောလို့လည်းမရဘူး။
အဲဒီအခါမှာ
သူက ကျောင်းသွားရတာ မလုံခြုံဖြစ်မယ်၊
သူကြိုးစားတဲ့အခါမျိုး၊
သင်ယူတဲ့အခါမျိုးတွေမှာ အပြည့်အဝသင်ယူဖို့ စိတ်မချဖြစ်တတ်ပါတယ်။

ကလေးတွေရေရှည် ဘဝဖွံ့ဖြိုးမှုကောင်းမွန်ဖို့အတွက်
ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိရလေအောင်၊
ဖွံ့ဖြိုးမှုမှာ နောက်မကျရလေအောင်
ကလေးများကိုမိဘက ရိုက်ဆုံးမတာမျိုး မလုပ်ရပါဘူး။
ကလေးတွေရှေ့မှာလည်း ဒေါသတကြီးရန်ဖြစ်တာမျိုးလည်း မလုပ်ရပါဘူး။

မှတ်ချက်။ ။မေ့ရင်သွေး မဂ္ဂဇင်း ဇန်နဝါရီလ ၂၀၁ရ ထုတ်မှ ပါမောက္ခဒေါက်တာ ကေသီထွန်း ၏ ကလေးငယ်များနှင့် စိတ်ခံစားမှုအကြောင်း မှ ကောက်နုတ်ချက်ဖြစ်ပါသည်။




San Su Kyi Naing


အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.