
ကလေးကို ရှူးရှူးပေါက်ခါနီး၊ အီအီးပါခါနီး ကြိုပြောတတ်အောင် အကျင့်လုပ်ပေးထားပါ။ ကလေးကို နေ့တိုင်း ၁၅ မိနစ်လောက် အချိန်ယူပြီး စာအုပ်လေးတေွ ဖတ်ပြပေးပါ။ ဖတ်ပြပြီးတဲ့ ကဗျာလေးတေွ၊ ပုံတိုပတ်စလေးတေွကို သူတို့ဘယ်လောက် မှတ်မိသလဲပြန်မေးကြည့်ပါ။
ကလေးကို စာဖတ်ပြပေးရင်း သူရဲ့ အာရုံစူးစိုက်မှု၊ နားလည်းလွယ်မှု၊ မှတ်သားသင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးပါ။ စာအုပ်တေွနဲ့ စိမ်းနေတဲ့ ကလေးမျိုးတေွက မူကြိုမှာ စာသင်ရ ခက်ခဲတတ်ပါတယ်။ မူကြိုကျောင်းနဲ့ ပတ်သတ်တဲ့ ပျော်စရာ၊ စိတ်လှုပ်ရှားစရာ၊ မျော်လင့်ချက်လေးတေွ ကြိုပြောပြထားပေးပါ။
အတူတူကစားဖို့ သူငယ်ချင်းတေွ၊ အရုပ်တေွ အများကြီးရှိတဲ့ အကြောင်း၊ ကစားကွင်းလည်း မူကြိုကျောင်းထဲမှာ ရှိတဲ့ အကြောင်း၊ ဆရာမလေးတေွက ကလေးလေးတေွကို သိပ့်ချစ်တတ်တဲ့အကြောင်း၊ မူကြိုမှာမှ ကစားလို့ရတဲ့ ၀ိုင်းဖွဲ့ ကစားနည်းတေွအကြောင်း ပြောပြထားပေးပါ။
မူကြိုက ဘယ်နားမှာရှိတယ်၊ ဘယ်သူလိုက်ပို့မယ်၊ မူကြိုမှာ ဘာတေွလုပ်ရတယ်၊ ဘယ်သူတေွရှိတယ် စသဖြင့် မူကြိုနဲ့ စိမ်းမနေရအောင် ကြိုတင် အသိပေးထားပါ။ ကလေးတေွ မူကြိုစတတ်တဲ့အကြောင်း ရေးဖွဲ့ထားတဲ့ ကာတွန်းတေွ၊ ကဗျာတေွ၊ ဇတ်လမ်းလေးတေွ ပြောပြထားပေးရပါမယ်။
Ref;ဒေါက်တာမေမွန်စာအုပ်မှ ကောက်နုတ်တင်ပြထားပါသည်။