Kyarlay.com

over 1 year

အာဟာရပြည့်ဖြိုးပြီး ဘေဘီတို့အကြိုက်တွေ့မယ့် Vegetable Oats


Hifjbv5gmajunoi9xpar

မေမေတို့ရေ ဒီတစ်ခါမှာတော့ ဘေဘီလေးတွေအားလုံးအကြိုက်တွေ့ပြီး ခံတွင်းမြိန်စေမယ့် အာဟာရပြည့်ဝဖို့ကိုလည်း အထောက်အကူပေးမယ့် Vegetable Oats ချက်ပြုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ ..
- Oats ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ
- အသီးအရွက်စုံ ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ (ပြောင်းဖူး၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖယုံသီး)
- စားသောက်ကုန်အုန်းဆီ ... လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဇီရာစေ့ ... လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- နနွင်းမှုန့် ... အနည်းငယ်
- ကြက်သွန်နီ ... ၁ လုံး (ထောင်းထားပါ)
- ဆား ... အနည်းငယ်
- ရေ ... ပန်းကန်လုံး ၂ လုံး

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ အိုးသန့်သန့်ကိုမီးဖိုးပေါ်တင်ပြီး အုန်းဆီခဲထည့်ပါ။
- ဇီရာစေ့ထည့်မွှေပါ။
- ပြီးလျှင် ကြက်သွန်နီထည့်ပြီးဆီသတ်ပါ။
- ကြက်သွန်ဆီသတ်ပြီးပါက အသီးအရွက်စုံထည့်ပါ။
- တစ်မိနစ် ၊ နှစ်မိနစ်ခန့်မွှေပြီးပါက ဆား၊ နနွင်းထည့်ပြီး ထပ်မွှေပါ။
- တစ်အောင့်ကြာပါက ရေထည့်ပါ။
- ရေဆူလာပါက ဇွန်းဖြင့်မွှေပေးပြီး ငါးမိနစ်ခန့်ကြာအောင် အဖုံးပိတ်ထားပေးပါ။
- ပြီးလျှင် Oats ထည့်ပြီးမွှေပါ။
- ရေပွက်ပွက်ဆူလာသည်အထိ စောင့်မွှေပေးပြီးလျှင် မိနစ် ၂၀ ခန့်ကြာအောင် အဖုံးအုပ်ထားပေးပါ။
- ပြီးလျှင် အဖုံးဖွင့်မွှေပြီး အအေးခံထားပါ။
- အေးသွားပါက ဇွန်းဖြင့်ကျိတ်ချေပြီး ကလေးငယ်များကို ကျွေးမွေးနိုင်ပါပြီ။
(အသက် ၁ နှစ်အထက် ကလေးများအတွက် ပိုမိုသင့်တော်ပါသည်)

မိခင်နဲ့ရင်သွေးငယ်များအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)