ကလေးတို့အတွက် အရသာလဲရှိပြီး၊ အာဟာရလဲ ပြည့်ဝစေတဲ့ ဖြည့်စွက်စာတေွကို ချက်ပြုတ်ကျေွးနေရတဲ့ မေမေတို့အတွက် အချိန်လဲသက်သာ၊ ပြင်ဆင်ကျေွးရတာလည်း လွယ်ကူစေတဲ့ ဖြည့်စွက်စာလေးတေွကို ဖော်ပြပေးလိုက်ပါတယ်။ ၆ လကျော်တာနဲ့ သားသားမီးမီးတို့ကို မိခင်နို့အပြင် ဖြည့်စွက်စာလည်း မဖြစ်မနေ ကျေွးသင့်ပါတယ်။ ဖြည့်စွက်စာကို ကလေးတေွ ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာ မေမေတို့ တာဝန်ပါ။
ကြက်သားပဲထောပတ်
============
ပါ၀င်ပစ္စည်းများကတော့
ကြက်သား၊ ပဲရှည်သီးစိ်မ်း(ပဲရှည်သီးစိမ်းက ကယ်ဆီယမ်၊ ဗီတာမင် Aနဲ့ သံဓာတ်ပါ၀င်ပါတယ်။)၊ ထောပတ်သီး ၁လုံး၊ အသီးအရွက်ပြုတ်ရည် ၁ ခွက်။
ပြုလုပ်နည်းအဆင့်ဆင့်
(၁) ပထမဆုံး ကြက်သားများကို ရေဆေးသန့်စင်ပြီး Oven ဗန်းထဲထည့်ကာ သံလွင်ဆီ အနည်းငယ်ဆမ်းပြီး လိမ်းနှယ်ပြီး ၄၅ မိနစ်ခန့် ပေါင်းစက်ထဲ ထည့်ပေါင်းထားပါ။
(၂) ပဲသီးများကို ရေဆေးပြီး ပိုင်ဖြတ်ထားပါ။ Oven ဗန်းထဲထည့်ကာ သံလွင်ဆီအနည်းငယ်ထည့်ပြီး ပေါင်းစက်ထဲ ၁၅မိနစ်ခန့် ပေါင်းထားပါ။
(၃) ပြီးရင် Oven ထဲကယူပြီး ကြက်သားများကို အရိုး၊ အရေခွံများကို ဖယ်ထားပြီး အသားများကို နွှာထားပါ။
(၄) နွှာထားတဲ့ ကြက်သားနဲ့ ပဲသီးများကို ကြိတ်စက်ထဲ Blender ထဲထည့်ပါ။ အသီးအရွက် ပြုတ်ရည် ၁ ခွက်ခန့် ထည့်ပြီး ကြိတ်ပေးပါ။
(၅) ပြီးရင် ထောပတ်သီးများကို ခြစ်ပြီး နူးအိအောင် ဇွန်းနဲ့ဖိချေပေးပါ။ အားလုံကိုရောမေွှ နယ်ပေးပါ။
(၆) ရောမေွှရင်တော့ အရသာရှိပြီး မေွှမြတဲ့ ကြက်သားပဲထောပတ် အနှစ်ကိုရရှိပါပြီး။ ကယ်ဆီယမ် ဗီတာမင် တို့ပါတဲ့ ဖြည့်စွက်စာလေး လုပ်ကျေွးဖို့ အသင့်တော်ဆုံးပါ မေမေတို့ရေ။
Ref မေ့ရင်သေွးမဂ္ဂဇင်း