သာယာလှတဲ့အိမ်ထောင်ရေးဖြစ်လာပြီးရင် ပျော်ရွှင်ဖွယ်ကောင်းသောမိသားစုဘဝလေးကို ရှိမှသာ ဘဝကြီးက ပြည့်စုံမှာပါနော်..။ဇနီးမောင်နှံ (၂) ဦးလုံးတွင် ချို့ယွင်းချက်အပြစ်တစ်စုံတစ်ရာ မရှိပါဘဲ ကလေးရရန် ကြန့်ကြာနေတဲ့သူတေွရှိပါတယ်။ ကလေးလိုချင်နေတဲ့ မောင်နှံတေွကတော့ ဒီနည်းလေးကို လိုက်နာပြီး ကြိုးစားကြည့်ပေးပါနော်...။
(၁) ကလေးယူဖို့အတွက် ကြိုးစားနေချိန်မှ စပြီး ဖောလစ်အက်ဆစ် တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။
(၂) ကလေးရဖို့က အဖေမှာ သုတ်ပိုးရှိပြီး၊ မေမေကလည်း သားဥကြေွရပါမယ်။
(၃) အဖေမှာ သုတ်ပိုးရှိမရှိကိုတော့ (၃)ရက် အတူမနေဘဲ စစ်ဆေးကြည့်ရပါမယ်။
အမေဟာ တစ်လမှာ သားဥတစ်ဥဘဲ ကြေွပါတယ်၊ အဲဒီသားဥလေးဟာ ၂၄ နာရီအတွင်း သုတ်ပိုးလေးနဲ့ မတေွ့ရရင် သန္ဓေသားလေးဖြစ်လာမှာ မဟုတ်ပါဘူး။နောက်ပြီး မိန်းမကိုယ်မှ နှပ်လိုအချှဲလေးတေွ ဆင်းတဲ့ရက် တစ်ရက်ရှိပါတယ်။ အဲဒီရက်ကို သတိလေးထားပြီး နေဖြစ်အောင်နေလိုက်တာကလည်း ကလေးရဖို့များပါတယ်။
တစ်လတစ်ခါရာသီလာနေသူတေွအတွက်ကတော့့ သားသမီးရနိုင်မယ့်ရက်တွက်နည်းလေးလည်း ရှိပါတယ်နော်။ ရာသီပေါ်တဲ့ ရက်ကို ပြက္ခဒိန်မှာ ၁လို့ ချရေးလိုက်ပါ။ နောက်ရက်တေွကို၂၊၃၊၄၊၅၊ စသည်ဖြင့်ချရေးပစ်လိုက်ပါ။ (၁၁)ရက်နေ့မှစပြီး တစ်ရက်ထက်ပိုမခြားစေဘဲ တစ်ပတ်ခန့် ဆက်ဆံလိုက်ပါ။
(၃)လလောက်ကြိုးစာလို့မှ မရရင်တော့ဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီး စစ်ဆေးရပါမည်။ ကလေးမရသေးတဲ့ မိသားစုတေွအတွက် နည်းလမ်းလေးပေးလိုက်ပါတယ်။
Ref: ဒေါက်တာမြသီတာ