
ကန်စွန်းဥအစိမ်းစားခြင်းကသေွးအဆိပ်တက်ခြင်းကို လေှျာ့ချပျောက်ကင်းစေနိုင်ပြီး၊ကန်စွန်းဥအကျက်ကတော့သေွးအားကိုဖြည့်ပေးပါတယ်။ ကန်စွန်းဥမှာ ကြွယ်ဝစွာပါ၀င်တဲ့ ဗီတာမင်အေက သားအိမ်အားကောင်းစေပါတယ်တဲ့။ အဲ့ဒါကြောင့် ကိုယ်ဝန်ရချင်တဲ့ မေမေတေွကို ကန်စွန်းဥကျေွးတာ၊ ကိုယ်ဝန်ဆောင်ပြီဆိုတာသိတဲ့အချိန်မှာ ကန်စွန်းဥစားတာတေွ ပြုလုပ်ကြတာနေမယ်နော်။
နောက်ပြီး ကန်စွန်းဥမှာ ဗီတာမင်စီနဲ့ သံဓာတ်လည်း ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မေမေရဲ့ ကျန်းမာရေး၊ သန္ဓေသားရဲ့ကျန်းမာရေးအတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။ ကန်းစွန်းဥမှာပါ၀င်တဲ့ အမှျင်ဓာတ်က ကိုယ်ဝန်ဆောင်မိခင်ဘဝ နေ့စဉ်လိုအပ်တဲ့ အမှျင်ဓာတ်အတွက်လည်း ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်တဲ့။
သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကိုယ်ဝန်ဆောင်မေမေရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်တေွကို ရစေနိုင်တယ်လို့လည်းဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တေွအတွက် သေွးနီဥဆဲလ်တေွ ဖွံ့ဖြိုးဖို့အတွက်ကတော့ ကန်စွန်းဥမှာပါ၀င်တဲ့ ဗီတာမင်ဘီစစ်က အထောက်အပံ့ပေးနိုင်ပါတယ်။
အဲ့ဒါကြောင့်လည်း ကန်စွန်းဥစားပေးတဲ့ မေမေတေွဟာ ကိုယ်တိုင်အတွက်ရော သန္ဓေသားအတွက်ပါ ကျန်းမာဖံွ့ဖြိုးစေတာမို့ မေွးဖွားရလွယ်ကူစေတဲ့အပြင် ကလေးရဲ့ကျန်းမာရေးအတွက်လည်း စိတ်ချလုံခြုံစေနိုင်ပါတယ်နော်။ မီးဖွားပြီးစသူများနို့ချိုအထွက်နည်းခြင်းကိုကာကွယ်ပေးပြီး ဗီတာမင် A ကြွယ်ဝစွာပါ၀င်သောကြောင့်အမြင်အာရုံကိုအားကောင်းစေခြင်းပါတယ်။
Ref; မေ့ရင်သေွး