Kyarlay.com

over 1 year

သားရေစာအဖြစ် ကျွေးမွေးနိုင်မည့် နို့သာကူ ပြုလုပ်နည်း ..


Carvzneaxl2yid1julv9

ဘေဘီလေးတွေလည်းအကြိုက်တွေ့ပြီး တစ်မိသားစုလုံးအတွက်ပါ ပြင်ဆင်ကျွေးမွေးနိုင်မယ့် နို့သာကူပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ ..
- နွားနို့ ... ပန်းကန်လုံး ၁ လုံး
- သကြား ... လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သာကူစေ့ ... လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရေဆေးပြီး ရေစိမ်ထားပါ)
- ရေ ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ အိုးသန့်သန့်ကို မီးဖိုပေါ်တင်ပြီး အိုးထဲသို့ ရေထည့်ပါ။
- ရေစိမ်ထားသည့် သာကူစေ့များကို ရေစစ်ပြီး အိုးထဲသို့ထည့်ပြီး မွှေပေးပါ။
- သာကူစေ့များပွလာပြီး ရေခမ်းစပြုလာပါက နွားနို့နှင့် သကြားထည့်ပြီး မွှေပေးပါ။
- နို့များဆူပြီး ပျစ်လာသည်အထိ မွှေပေးပြီး ကြိုပေးရမှာပါ။
- နို့သာကူပျစ်သွားပါက မီးဖိုပေါ်မှချကာ အအေးခံပြီး ဘေဘီလေးတွေကို ကျွေးလို့ရပါပြီနော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)