စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

6 လအထက် ဖြည့်စွက်စာ ပြုလုပ်နည်း ( အဝါရောင် ပဲ၊ကန်စွန်းဥ နှင့်ကြက်သား)

Posted by Ngu Wah April 19, 2019
Htyaomcc5sh6rstudc1m

မေမေတို့ရေ ဒီနေ့မှာတော့ ဘေဘီလေးတေွလည်း သဘောကျနှစ်သက်မယ့် ရေွှ၀ါရောင်အားဖြည့် ဖြည့်စွက်စာလေးကို ပြင်ဆင်ကျေွးမေွးလိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် (သို့) ဆန်လုံးညို ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ (ရေဆေးထားပါ)
- မုန်လာဥနီ(ခါကြက်ဥ) ... အရွယ်တော် ၁ လုံး
- ရေွှ၀ါကန်စွန်းဥ ... အရွယ်တော် ၁ လုံး
- ဘိုစားပဲတောင့် ... ၄ တောင့်
- ကြက်သား ... အသားချည်းအရွယ်တော် ၁ တုံး (၅ ကျပ်သားခန့်) (အတုံးသေးသေးလေးများ တုံးထားပါ)
- ရေ ... ပန်ကန်လုံး ၃ လုံး

ပြင်ဆင်ချက်ပြုတ်နည်း ...
- အိုးသန့်သန့်တစ်လုံးထဲသို့ ဆန်ထည့်ပါ။ ရေထည့်ပြီး မီးဖိုပေါ်တွင် မေွှပေးပါ။
- ရေပွက်ပွက်ဆူလာပါက ကြက်သားတုံးလေးများကိုထည့်ပါ။
- ကန်စွန်းဥ၊ မုန်လာဥနီ၊ ဘိုစားပဲများထည့်ပြီး မေွှပါ။
- နောက်တစ်ကြိမ် ရေပွက်ပွက်ဆူလာသည်အထိ မီးဖိုပေါ်တွင်တည်ထားပါ။
- ရေဆူလာပါက အဖုံးအုပ်ပြီး မိနစ် ၃၀ ခန့် မီးဖိုပေါ်တွင်ထားပါ။
- အိုးတည်ထားချိန်တွင်လည်း အဖုံးဖွင့်ပြီး ၂ ကြိမ်ခန့်မေွှပေးရန်လိုပါသည်။
- ပါ၀င်ပစ္စည်းများအားလုံး နူးအိပြီး ရေခမ်းစပြုပါက မီးဖိုပေါ်မှာချနိုင်ပါသည်။
- ပြီးလှျင် အသီးဖျော်စက်ထဲသို့ထည့်ပြီး ကျေညက်သွားအောင် မေွှနိုင်ပါသည်း (သို့မဟုတ်) လက်ဖြည့်ကျေညက်အောင် ကျိတ်ချေပေးနိုင်ပါသည်။
(ဖြည့်စွက်စာစကျေွးသည့်အရွယ်ဖြစ်ပါက အသီးဖျော်စက်ထဲသို့ ထည့်မေွှခြင်းက ပိုမိုကောင်းမွန်ပါသည်)
- အအေးခံပြီး ရင်သေွးငယ်လေးတေွအတွက် အာဟာရပြည့်ဝတဲ့ဖြည့်စွက်စာကို ကျေွးမေွးနိုင်ပြီဖြစ်ပါသည်။
Ref;HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.