Kyarlay.com

over 1 year

ဘေဘီလေးတို့ အကြိုက်တွေ့တဲ့ အလွယ်ကူဆုံး နို့ကြက်ဥပူတင်း ..


Wlq9vnetj7gkocwdwfmt

မေမေတို့ရေ ဒီနေ့တော့ ဘေဘီလေးတွေအတွက် အာဟာရလည်းဖြစ်၊ ဘေဘီလေးတွေလည်း အကြိုက်တွေ့တဲ့ ၊ ပြုလုပ်ရတာလည်း အရမ်းကိုရိုးရှင်းလွယ်ကူတဲ့ နို့ကြက်ဥပူတင်းပြုလုပ်နည်းလေးကို မျှဝေပေးမယ်နော်။ စားချင်စဖွယ်ပူတင်းလေးကို ဘေဘီလေးတွေသာမကဘဲ တစ်မိသားစုလုံးစားချင်တယ်ဆိုရင်လည်း ပြုလုပ်နိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ ..
- ကြက်ဥ ... ၁ လုံး
- သကြား ... လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြိုချက်ပြီးနွားနို့ ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ

ပြင်ဆင်ပြုလုပ်နည်း ...
- အရင်ဆုံးပန်းကန်လုံးကြီးကြီးထဲသို့ ကြက်ဥကိုဖောက်ထည့်ပါ။
- သကြားထည့်ပြီး ကြက်ဥနဲ့ သမအောင်မွှေပါ။
- ပြီးလျှင် နွားနို့ထည့်ပြီး ထပ်မွှေပေးပါ။ နွားနို့၊ သကြား၊ ကြက်ဥများအားလုံး သမသွားအောင် မွှေပေးရပါမယ်။
- ကြွေပန်းကန်လုံးသေး ထဲသို့ မွှေထားသည့်နို့ကြက်ဥအရည်များကို လောင်းထည့်ပါ။ (ပန်းကန်လုံးအပေါ်တွင် သုံးပုံတစ်ပုံခန့် လွတ်နေရင်လိုအပ်ပါတယ်)
- ပေါင်းအိုးအတွင်းသို့ ရေအနည်းငယ်ထည့်ပါ။ ကြွေပန်းကန်လုံးကို ရေထဲသို့ထည့်ပါ။ (ပန်းကန်လုံးအား အိုးဖင်နှင့်ထိနေရန်လိုအပ်ပြီး ရေတွင် ပေါလောပေါ်မနေစေရပါ။)
- ပြီးလျှင် ကြွေပန်းကန်လုံးကိုလုံအောင်ပိတ်ပါ။ ပြီးပါက ပေါင်းအိုးအဖုံးပိတ်ပြီး အပူပေးပေါင်းနိုင်ပါတယ်။
- မိနစ် ၃၀ ခန့်ပေါင်းပြီးပါက စားလို့ကောင်းတဲ့ နို့ကြက်ဥပူတင်းကို အအေးခံပြီး ဘေဘီလေးတွေကို ကျွေးမွေးနိုင်ပါပြီ။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)