ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက်လုံးမှာရော၊ မွေးဖွားပြီးသွားတဲ့အချိန်အထိပါ ဂရုတစိုက်နဲ့နေထိုင်ပြုမူကြဖို့လိုအပ်နေပါတယ်။ မွေးဖွားပြီးချိန်မှာတော့ ရင်သွေးလေးအတွက်ရော၊ မေမေတို့ကိုပါ မိသားစုတွေအားလုံးက ဂရုတစိုက်နဲ့စောင့်ရှောက်ပြုစုပြီး သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေကို စောင့်ကြည့်နေသင့်ပါတယ်။
နေအိမ်မှာမွေးဖွားသူတွေအတွက်တော့ မိသားစုဝင်တွေအနေနဲ့ မွေးစကတည်းက ဒီအချက်လေးတွေကို စောင့်ကြည့်ပေးဖို့လိုသလို ဆေးရုံတွေမှာမွေးဖွားတဲ့မေမေတို့အတွက်လည်း ဆေးရုံကဆင်းပေးလိုက်ပြီးတဲ့တိုင်အောင် မိသားစုဝင်တွေက ဒီအချက်လေးတွေကို ဂရုစိုက်ပေးပြီး သတိထားပေးဖို့လိုပါတယ်နော်။
ကလေးမွေးပြီးစ မေမေတွေအနေနဲ့ ..
- သွေးဆင်းများလာရင်
- ခေါင်းအရမ်းကိုက်ပြီး အမြင်တွေမှုန်ဝါးလာရင်
- တက်ရင်
- အသက်ရှူမြန်ရင်
- အသက်ရှူခက်ခဲလာရင်
- ဖျားပြီး အိပ်ရာကမထနိုင်လောက်အောင် အားနည်းလာရင် နီးစပ်ရာကျန်မာရေးဝန်ထမ်းတွေကိုပြသပြီး ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွားရောက်သင့်ပါတယ်နော်။ ကလေးမွေးဖွားပြီးစ မေမေတို့အတွက် အားရှိစေမယ့်အစားအစာတွေကို ပြင်ဆင်ကျွေးမွေးဖို့ကတော့ မိသားစုတွေအားလုံးရဲ့ တာဝန်ပဲနော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)