အင်ပြင်ထွက်ပြီး ၂ရက်ထက် ပိုကြာလှျင် အိမ်သုံးဆေး ဘာမီတွန် သောက်၍ မပျောက်လှျင် လည်ချောင်းတစ်ဆို့လာခြင်း၊ အသက်ရှုူရခက်ခဲလာခြင်း၊ သတိလစ်ခြင်း ဖြစ်လှျင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းသို့ သွားရပါမည်။ အင်ပြင် မကြာခဏ လပေါင်းများစွာ ဖြစ်နေပြီး မည်သည့်အကြောင်းအရင်းကြောင့် အင်ပြင်ထွက်မှန်း မသိလှျင် ဆရာဝန်နှင့် ပြသသင့်ပြီး အနည်းဆုံး အင်ပြင်ထွက်ပြီး ၆ပတ်ကျော်လှျင် ပြသင့်၏။
အင်ပြင် ဘာကြောင့်ထွက်လည်း သိရှိနိုင်ရန် အရေပြားတွင် ဓာတ်မတည့်ခြင်း(skin Test) စမ်းသပ်ဖို့ လိုပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ပြီး လုပ်ရပါမည်။ မလိုလားအပ်သော သေွးစစ်ခြင်းမျိုး မိမိသဘောဖြင့် မလုပ်သင့်ပါ။
ဆရာဝန်မှင့်တိုင်ပင်ပြီးမှ သေချာ စစ်ဆေးရပါမည်။ အရေးကြီးဆုံးမှာ မိမိဘယ်အရာနှင့် မတည့်သည်ကို မိမိ ကောင်းကောင်း သတိထားဖို့ လိုပါတယ်။ ဆေးမီးတိုများနှင့် မကုသဖို့ လိုပါသည်။ အင်ပြင်ရောဂါများမှ အားလုံး ကင်းဝေးသွားကြပါစေ။
#Ref(ဒေါက်တာ အိအိခင်(ကလေး) - မေ့ရင်သေွးကောက်နုတ်ချက်မှ)