ကလေးကို မိမိကိုယ် ယုံကြည်မှု ရရှိရန် အားပေးစကားပြောကြားပါ။ စကားပြောလှျင် ရင်ကော့၊ ခေါင်းမော့ပြီး မျက်လုံးခြင်းချင်းဆိုင် စကားပြောစေရမည်။ စကားထစ်တာ ရှက်စရာမဟုတ်ပါ။ စကားထစ်တာ လူသိမှာစိုးလို့ဆိုပြီး စကားပြောခြင်းကို မရေှာင်လွှဲဖို့ ပြောကြားရမည်။
အိမ်မှာ ပိုမိုစကားပြောခိုင်းပြီး အိမ်သားအားလုံးလည်း ဂရုစိုက် နားထောင်ပေးရမည်။ စိတ်ဖိအားများချိန်တွင် အတင်းမတွန်းပါနှင့်၊ မဆူရ၊ မလေှာင်ပြောင်ရပါ။ အရေးကြီးပါသည်။ အသက်မှန်မှန်ရှူပြီး ဖြည်းဖြည်းနှင့် အေးအေးဆေးဆေး ပြောစေရမည်။
မိဘများဧ။် တာဝန်သည် ကလေးစကားပြောစဉ် စကားဆုံးအောင် စိတ်ရှည် လက်ရှည် စောင့်ပြိး နားထောင်ရမည်။ ဖြတ်ပြီး စကားလုံး ဖြည့်စွက် မပေးရပါ။ တစ်ဆက် တစ်စပ်တည်း ပြောနိုင်သွားသည့် အခါများတွင် ချီးမွမ်းပေးရမည်။ လွယ်သည့် စကားလုံးများကို သင်ပြီးမှ ခက်သည့် စကားလုံးများကို တဖြည်းဖြည်း သင်ပေးရမည်။
မှန်မှာကြည့်ပြီး စကားပြောခိုင်းပါ။ တစ်ကိုယ်တည်း စကားပြောတာကို အသံသွင်းထားပြီး ပြန်နားထောင်ခိုင်းကြည့်ပါ။ သာမန်အချိန်လောက် စကားမထစ်သဖြင့် ယုံကြည်မှု ပိုမိုရစေနိုင်သည်။ Electronic Fluency device ခေါ် အီလက်ထရွန်းနစ် စကားပြော ချော့မေွ့စက်များနှင့် နားကြပ်တပ် လေ့ကျင့်ပါက မိမိစကားပြောသံကို ပြောင်းလဲပြီး ကြားစေသဖြင့် လေ့ကျင့်ရာတွင် ယုံကြည်မှု ပိုဖြစ်စေနိုင်ပါတယ်။
Ref မေ့ရင်သေွးမဂ္ဂဇင်း (ဒေါက်တာ အောင်ကြည်ဝင်း)