
ကိုယ်ဝန်ဆောင်တွေမှာ လရင့်လာတာနဲ့အမျှ ဗိုက်ကြပ်လာပြီး၊ အစာအိမ်ပေါ်မှာ သန္ဓေသားမှ ဖိထားသောကြောင့် အစာအိမ် အစာများများ မဆန့်တော့ပါဘူး။ နေထိုင်ရတာလည်း အဆင်မပြေသလို့ဖြစ်လာပြီး အစားစားလို့လည်း အဆင်မပြေ၊ အိပ်ရတာလည်း မလွတ်လပ်နဲ့ အိပ်ရေးမဝကြပါဘူး။ အိပ်ရေးမဝတော့ စိတ်ကြည့်လင်မှု မရှိဘဲ နုံးနေတတ်ပြီး အအေးသောက်ချင် တည့်ပါမလား။
ဟိုအအေးက ချောင်းဆိုးတယ်။ gas ပါတယ် စသည်ဖြင့် စဉ်းစားပြီး ရေပဲသောက်လိုက်ရနဲ့ ၊ ရေခဲရေသောက်လို့ကော ရရဲ့လား၊ ရေနွေးကကော အဆင်ပြေမလားနဲ့ တော်တော် အဆင်မပြေဖြစ်နေကြတာပါ။ ကိုယ်ဝန်ဆောင်နေချိန်တွင် ရေ ဓာတ်ပြည့်ဝအောင် တစ်နေ့ကို ရေ (၈) ခွက်လောက်သောက်ဖို့ လိုပါတယ်။
တစ်ခါတလေမှာ အရသာရှိတဲ့ အရည်တစ်မျိုးမျိုး ၊ အချိုရည်တွေလည်း သောက်ချင်စိတ်ဖြစ်လာ တတ်ပါတယ်။ အဲဒီအခါ ဘယ်လိုအရည်မျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် သင့်တော်လည်းဆိုရင်တော့ လတ်လတ်ဆတ်ဆတ် ဖျော်ထားသော သစ်သီးဖျော်ရည်တွေ သောက်လို့ရပါတယ်။
နွားနို့၊ ဟောလစ်၊ အိုဗာတင်း စတာတွေလည်း သောက်လို့ရပါတယ်။ ကော်ဖီ၊ လက်ဘက်ရည်တော့ များများသောက်ဖို့ မသင့်တော်ပါဘူး။ ကော်ဖီအရမ်းကြိုက်ရင်လည်း ခဏတော့သည်းခံထား ရပါမယ်။