
ဗမာလိုတော့ ကျီးကန်းပါးစပ်လို့တော့ ခေါ်ကြတာပေါ့နော်။ ကျီးကန်းပါးစပ်ဆိုတာ နှုတ်ခမ်းထောင့်လေးတေွကနေ နှုတ်ခမ်းကွဲသလိုကနေ စပြီး ပြီးရင် အဲဒီနေရာလေးတေွမှာ အနာလေးတေွ ပေါက်လာတယ်ပေါ့နော်။ ပြီးရင် အရမ်းနာတယ်။ အဖြစ်ဆုံးကတော့ နှုတ်ခမ်းထောင့်တေွပါပဲ။ ကျှန်မတို့ အင်္ဂလိပ်ဆေးပညာမှာတော့ ကျီးကန်းပါးစပ်လို့လည်း ပြောတာပေါ့။
ဗမာလိုလည်း အပူကန်တယ်၊ ဘာညာ ပြောကြတယ်ပေါ့။ အဓိကကတော့ ဗီတာမင်ဓာတ်လေးတေွ လိုတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဗမာ ထုံးစံကတော့ ဝမ်းချုပ်ရင် ဖြစ်တတ်တယ်၊ ဘာညာလည်း ပြောပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့လည်း သက်ဆိုင်ပါတယ်။ တစ်ချို့ကျတော့လည်း ကလေးက အဲဒီနားလေး ယားလို့ ကုတ်နေရင်း ကုတ်နေရင်းနဲ့ ပိုပိုပြဲ သွားပြီး အနာဖြစ်တတ်ပါတယ်။
အဲဒီတော့ အများအားဖြင့် ဗီတာမင် B2 တို့ဘာတို့ လိုတယ်ဆိုတော့ အားဆေးတေွထဲမှာတော့ ဗီတာမင် Bတေွ အများကြီး လိုတယ်ပေါ့။ ဟင်းသီးဟင်းရွက်တေွ ဘာတေွ များများကျေှးခြင်းဖြင့်လည်း ကျှန်မတို့ ကာကွယ်နိုင်ပါတယ်။ ဖြစ်လာပြီဆိုရင် အရေးကြီးတာကတော့ လက်နဲ့ခဏခဏ သွားမကိုင်ဖို့ အရေးကြီးပါတယ်။ နာကျင်တာ ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ ခြောက်လေ ပိုပြီးတော့ နာကျင်လေဖြစ်တဲ့အတွက် နည်းနည်း Glasarine တို့ဘာတို့ နည်းနည်းတို့ ထားဖို့ လိုပါတယ်။
တကယ်လို့ ပြည်လေးတည်ပြီဆိုရင်တော့ ပိုးသတ်ဆေး ဆေးတိုက်ပေးဖို့ လိုပါတယ်။ တစ်ခါတလေဆိုရင် အစာဝင်တာကိုတော့ ဒုက္ခမပေးတတ်ဘူး။ ဒါပေမယ့် အတွင်းဘက်မှာ နည်းနည်းရှိတယ်ဆိုရင်တော့ ဂရုစိုက်ရမှာပေါ့နော်။ အစာမဝင်လို့ ရှိရင် Strall လေးနဲ့ အနာလေးကို ကျော်ပြီးတော့ အရည်လောက်ဖြစ်ဖြစ် ဝင်အောင် တိုက်သင့်ပါတယ်။ အရေးကြီးတာကတော့ အဖတ်မစားနိုင်တဲ့အတွက် အရည်ကို တတ်နိုင်သလောက် များများဝင်အောင် တိုက်ပေးသင့်ပါတယ်။ အဲဒီလိုဆိုရင်တော့ ခဏလေးနဲ့ ကောင်းသွားနိုင်ပါတယ်။
#Ref(ဒေါက်တာ ယုဇနစောမြင့် - မေ့ရင်သေွးကောက်နုတ်ချက်မှ)