
ကလေးတစ်ယောက်နေ့စဉ် အာဟာရပြည့်ဝသော အစားအစာကို ဘယ်လိုကျေှးမလဲဆိုရင် အာဟာရ အုပ်စုကြီး (၃)ခုစလုံး ပါ၀င်သော အစာများကို ကျေွးရမည်။ ဖြည့်စွက်စာအပြင် သွားရေစာကိုလည်း ဂရုတစိုက် လုပ်ကျေွးရမယ်။
ထောပတ်ငှက်ပျောသွားရည်စာ
=================
ပါ၀င်ပစ္စည်း
======
ထောပတ်သီးတစ်လုံး၊ တောင်ငူငှက်ပျော်သီးတစ်လုံး၊ အုတ် ဂျုံမှုန့် ( Oatmeal)
ပြုလုပ်ပုံအဆင့်ဆင့်
===========
(၁) ထောပတ်သီး တစ်ခြမ်းနဲ့ ငှက်ပျော်သီး တစ်ပိုင်ကို အုတ်ဂျုံမှုန့်နဲ့ရောပြီးတော့ ကြိတ်စက်နဲ့ ကြိတ်ပါမယ်။
(၂) ကြိတ်တဲ့အခါမှာ ကြိတ်စက်ထဲတွင် ပျစ်ခဲမနေစေရန် အတွက် ရေနေွးအနည်းငယ်ကို ထည့်ကာ ကြိတ်နိုင်ပါတယ်။
(၃) ကြိတ်ထားတဲ့ ထောပတ်ငှက်ပျောသွားရည်စာရပြီး ဆိုရင်တော့ ကလေးငယ်ကို နံနက်စာပဲ ဖြစ်ဖြစ် နေ့လယ် သွားရည်စာပဲဖြစ်ဖြစ် လုပ်ကျေွးနိုင်ပါတယ်။ ရေခဲသေတ္တာထဲထည့်ု သိမ်းထားပြီး ခဏခဏကျေွးလို့လည်းရပါတယ်။
ဒီလို အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာတေွကို ပြုလုပ်ကျေွးခြင်းက မိမိရဲ့ကလေးကို ကျန်းမာဝဖြိုးပြီး ဉာဏ်ရည်ထက်မြတ်စေတဲ့ ကလေးဖြစ်လာစေမှာပါ။
Ref မေ့ရင်သေွး