
ကိုယ်ဝန်ပျက်ချင်တဲ့အခါ သားအိမ်ကညှစ်တဲ့ အခါကြရင် နာတတ်တယ်။ နာတာကကြတော့ ဆီးစပ်နဲ့ ခါးနဲ့ နှစ်ခု ကို ညှပ်ပြီး နာတတ်တယ်။ သားအိမ်က ညှစ်ညှစ်ပြီး နာတဲ့ ဖြစ်တဲ့ အတွက် အရွတ်နာသလို ဘေးဘက်နာတာ မဟုတ်ပဲ ဆီးစပ်နဲ့ ခါးနဲ့ နှစ်ခု ကို ညှပ်ပြီး နာတယ်ဆိုလို့ရင် ဒါဟာ ကိုယ်ဝန်ပျက်မှာ ကြောက်ရတယ်။ သေွးဆင်းတာ နည်းနည်းများပြီးတော့ နာတယ်ဆိုရင် Miscarriage (Abortion) ဖြစ်ဖို့ ပိုများတယ်။ ကိုယ်ဝန်ပျက်တာဖြစ်ဖို့ များတယ်။
နောက်တစ်ခုကတော့ Ectopic Pregnancy ပေါ့။ Early Pregnancy မှာပဲ ပုံမှန် နေရာမမှန်တဲ့ သန္ဓေသား ဥပြွန်မှာ သန္ဓေ တည်တာ၊ သားအိမ်အပြင်ဘက်မှာ သန္ဓေတည်တဲ့ အခါကြရင်လဲ နာတတ်တယ်။ သားအိမ်အပြင်ဘက်မှာ သန္ဓေတည်တာ သေွးလေးက ယောင်ယောင်လေး နည်းနည်းလေးပဲ ဆင်းတယ်။ သူက နာတာကကြတော့ ပိုပြီးတော့ စူးစူးဝါးဝါးလး နာတတ်တယ်။ဗိုက်ကနာတယ် ၊ နာတဲ့ ခါကြရင်လဲ ဘယ် (သို့မဟုတ်) ညာ တစ်ဖက်ဖက်က ပိုနာတာမျိုးလဲ ရှိတတ်တယ်။ ဒါမှမဟုတ်လဲ အောက်ပိုင်းကြီး တစ်ခုလုံးနာတတ်တယ်။ သေွးနည်းနည်းဆင်းတယ် ဆိုတာနဲ့ တွဲပြီး နာတတ်တယ်။ အဲဒါဆိုရင်တော့ Ectopic Pregnancy ဖြစ်ဖို့ ပိုများတယ်။
Ref: မေ့ရင်သွး