
ကလေးတော်တော်များများက တိရိစ္ဆာန်လေးတေွကို ချစ်တတ်ပြီး အသိပညာဗဟုသုတ တိုးပွားစေဖို့ တိရိစ္ဆာန်လေးတေွရဲ့ ထူးခြားတဲ့ အချက်ကလေးတေွကို ဖော်ပြပေးလိုက်ပါမယ်နော်။ တိရိစ္ဆာန်လေးတေွရဲ့ ထူးခြားချက်လေးတေွကို ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာမှတ်သားပြီး ကလေးတို့တေွ အသိပညာဗဟုသုတလေးတေွ တိုးပွားစေရန် ဖော်ပြပေးမယ်နော်။

မတ်တတ်ရပ်ပြီး အိပ်တဲ့ အကောင်လေး
မတ်တတ်ရပ်ပြီး အိပ်တတ်တဲ့ တိရိစ္ဆာန်လေးတေွကတော့ မြင်းနဲ့ နွားပဲ ဖြစ်ပါတယ်။ တစ်စုတစ်ဝေးတည်း ရှိနေချိန်မှာ နွားတေွအကုန်လုံး လဲလျောင်းနေတာကို မြင်တေွရပါလိမ့်မယ်။ အိပ်ရင်တော့ မတ်တပ်ပဲရပ်ပြီး အိပ်ပါတယ်။ မြင်းလေးတေွ အကုန်လုံး တစ်ပြိုင်နက်တည်း လဲလျောင်းနေတာကိုတော့ တေွ့ရခဲပါတယ်။ ဘာကြောင့်လဲဆို မြင်းတေွဟာ အန္တရာယ်ကြုံလာရင် သတိပေးအချက်ပြဖို့ တစ်ကောင်ကတော့ မတ်တပ်ရပ်ပြီး အကဲခတ်နေတတ်လို့ပဲ ဖြစ်ပါတယ်။

မျက်လုံးပိတ်ထားပေမယ့် မြင်နိင်စွမ်းရှိတဲ့ အကောင်လေး
လူတေွကတော့ မျက်လုံးမှိတ်ထားရင် ဘာမှမမြင်ရတော့ပေမယ့် တိရိစ္ဆာန်တေွထဲမှာတော့ မျက်လုံးမှိတ်ထားပေမယ့်လည်း မြင်ရတဲ့ အကောင်တစ်ကောင် ရှိပါတယ်။ အဲဒီအကောင်လေးကတော့ မြေွပါ။ မြေွဟာ သူ့မျက်ခွံတေွကို ပိတ်ပြီး မျက်လုံးမှိတ်ထားပေမယ့် မျက်ခွံကိုကျော်ပြီးတော့ မြင်နိုင်စွမ်း ရှိပါတယ်။

အစာအိမ်လေးခုနဲ့ အစားသောင်းကျန်းတဲ့ အကောင်လေး
သိုးကလေးတေွဟာ အစာအိမ်လေးခုတောင် ရှိပါတယ်။ သိုးလေးတေွရဲ့ အစာအိမ် ၄ ခုစလုံးဟာ သူတို့စားသမျှကို ချေဖျတ်ပေးကြပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးဥတေွကို ဥတဲ့ငှက်
ဥ ဥတဲ့ တိရိစ္ဆာန်များစွာရှိတဲ့ အထဲမှာ ဥအကြီးဆုံးတေွကို ဥတဲ့အကောင်တေွ ငှက်ကုလားအုတ် ဖြစ်ပါတယ်။ ငှက်ကုလားအုတ်တေွဟာ ဥ ဥတဲ့ သတ္တဝါတေွထဲမှာ အကြီးဆုံးသောဥကို ဥတဲ့ အကောင်တေွ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးဥဆိုပြီး စံချိန်တင်ထားတဲ့ ဥကလည်း ငှက်ကုလားအုတ်ရဲ့ ဥ ဖြစ်ပါတယ်။

လူတေွစားဖို့ အစာလုပ်ပေးတဲ့ အင်းဆက်လေး
ပျားလေးတေွဟာ ကမ္ဘာပေါ်မှာ လူတေွစားဖို့ အစာလုပ်ပေးနေတဲ့ တစ်ကောင်တည်းသော အင်းဆက်လေးပါပဲ။ ပျားလေးတေွ လုပ်ပေးတဲ့ ပျားရည်ဟာ လူသားတေွ အသက်ရှည်၊ ကျန်းမာပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တေွပါ ပါ၀င်ပါတယ်။
Ref မေ့ရင်သေွး

လူတေွစားဖို့ အစာလုပ်ပေးတဲ့ အင်းဆက်လေး
ပျားလေးတေွဟာ ကမ္ဘာပေါ်မှာ လူတေွစားဖို့ အစာလုပ်ပေးနေတဲ့ တစ်ကောင်တည်းသော အင်းဆက်လေးပါပဲ။ ပျားလေးတေွ လုပ်ပေးတဲ့ ပျားရည်ဟာ လူသားတေွ အသက်ရှည်၊ ကျန်းမာပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တေွပါ ပါ၀င်ပါတယ်။
Ref မေ့ရင်သေွး