မိသားစုဆိုတာ သားသမီး ရတနာလေးတွေရှိမှသာ ပြီးပြည့်စုံတဲ့မိသားစုလေးပါ။
သားသမီးလေးတွေဟာ ဖေဖေမေမေတို့အတွက် အမောပြေလေးတွေပါ။ ဇနီးမောင်နှံတိုင်းဟာ သားသမီးလေးတွေရရှိဖို့ အလွန်ကိုပဲမက်မောတောင့်တကြပါတယ်။ သားသမီးလေးတွေ ရချင်ကြတယ်ဆိုရင်တော့ နည်းလမ်းမှန်မှန်လေးတွေ အိမ်ထောင်နဲ့ဆက်ဆံပေးဖို့လည်းလိုအပ်ပါတယ် သို့မှသာလျှင်သားသမီးရတနာလေးတွေ ထွန်းကားကြမှာပါ။
သားဥ ကြွေတဲ့ရက်မှာ အိမ်ထောင်နဲ့ ဆက်ဆံဖို့လိုပါတယ်။
********************************************
တစ်လမှာ သားဥတစ်ဥဘဲပြီး သားဥကြွေပီး 24 နာရီအတွင်း သုတ်ပိုးလေးနဲ့မတွေ့ရရင် သားဥလေးကအလိုလို ပျောက်ကွယ်သွားပါတယ်။ ကျန်တဲ့ရက်တွေမှာ အိမ်ထောင်နဲ့ဆက်ဆံတာ ကလေးမရနိုင်ပါဘူး။
သားဥကြွေတဲ့ရက်ကိုတွက်ပြီး အိမ်ထောင်နဲ့နေဖို့လိုပါတယ်။ ၂၈ ရက်တစ်ခါရာသီလာတဲ့သူတွေအတွက်
ရာသီစပေါ်တဲ့ရက်မှ ၁၂ရက်မြောက်နေ့ကစပြီး ၇ရက်ကို ပုံမှန် နေ့တိုင်းသို့မဟုတ် တစ်ရက်ထက် ပိုမခြားဘဲ နေသင့်ပါတယ်။
အဲဒီရက်တွေထဲကမှ နှပ်လိုချွဲတွေများများဆင်းတဲ့ရက်ဟာ သားဥကြွေတဲ့ရက် ဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အိမ်ထောင်ဖက်နဲ့ ပိုကြိုးစားမယ်ဆိုရင် ကလေးရနိုင်ပါတယ်။ အဲဒီလို ၃လလောက်မှ ဒီအတိုင်း ကြိုးစားလို့ ကလေးမရရင်တော့ စစ်ဆေးစရာလေးတွေ လိုပါလိမ့်မည်။
ဒီနည်းအတိုင်း ၃လ လောက်မှ အတူနေလို့ မရဘူးဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပါ။ ကလေးယူဖို့ကြိုးစားတော့မယ်ဆိုရင်တော့ နေ့တိုင်းဖောလစ်အက်ဆစ်ဆေးပြား တစ်ပြားသောက်ပါ။ကိုယ်ဝန်ရသွားရင်လည်း ပထမ ၃လမှာ ဆက်သောက်ထားပါ။ကလေးကို ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းမှ ကာကွယ်ပါတယ်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း သြဂုတ်လ ၂၀၁ရ ထုတ် မေးလိုရာမေး မေ့ရင်သွေးကဏ္ဍ မှ ပါမောက္ခ ဒေါက်တာ မြသီတာ ဖြေကြားထားသော အဖြေမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
San Su Kyi Naing