စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

နို့တိုက်ခြင်းနှင့် ရာသီလာခြင်းအကြောင်းသိကောင်းစရာများ

Posted by Ni Ni February 3, 2021
Clvla3zos3vjwpjpoqdu

သင်က နို့တိုက်မိခင်တစ်ယောက်ဖြစ်ပြီး သင့်ရဲ့ ရာသီသေွးက ဆက်ပေါ်နေတာလား ဒါမှမဟုတ် ကလေးမေွးပြီးကတည်းက ရာသီမလာတော့ဘူးလား။ ရာသီကိစ္စနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာ တစ်ခုခု ရှိနေသလား။ဒီလိုကိစ္စတေွ ပတ်သတ်ပြီး စိတ်ညစ်နေရတယ်ဆိုရင်တော့ အောက်က ဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။ တကယ်တော့ သင်ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးမေွးပြီးတဲ့အချိန်အထိ သင့်ခန္ဓာကိုယ် နဂိုအတိုင်းဖြစ်ဖို့ အချိန်တခုလိုပါတယ်။

ကလေးမေွးပြီး ဘယ်လောက်ကြာရင် ရာသီပြန်လာနိုင်သလဲ
------------------------------------------------------------------

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သင့်ခေါင်းထဲကို ဝင်လာတာက ဒီကိုယ်ဝန်တစ်လျေှာက်လုံး ရာသီမလာတော့ဘူး ဆိုတာပါ။ နောက်ထပ် ၉ လ လုံး ရာသီမလာတော့တာဟာ မေမေတေွအတွက် သတင်းကောင်းတစ်ခုပါ။ဒါပေမဲ့ ကလေးမေွးပြီးတာနဲ့ ရာသီဘယ်တော့ပြန်လာမလဲဆိုပြီး စိတ်ပူတတ်ကြပါတယ်။ ဒီလိုတေွးရတာလည်း အကြောင်းရှိပါတယ်။ ဘယ်လလောက်မှာများ ပြန်လာမလဲ။ ကလေးမေွးပြီးတာမှ မကြာသေးဘူး။ မေွးထားလို့ နာတဲ့ဒဏ်တေွရော ရာသီကြောင့် နာတဲ့ ဒဏ်တေွရော ခံနိုင်ပါ့မလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ပြီးတော့ ဒီချိန်မှာ အကာအကွယ်မပါဘဲ အတူနေမိရင် ကိုယ်ဝန်ရသွားမလား။ ဘယ်အချိန်လောက်ကျရင် အကာအကွယ်နဲ့ အတူနေသင့်လဲ ဆိုတာတေွကိုပါ စိုးရိမ်တတ်ကြပါတယ်။ဘာကိုပဲစိုးရိမ်စိုးရိမ်သေချာတာကတော့ မကြာခင်မှာ ရာသီလာတော့မှာပါ။ တကယ်လို့ ကလေး နို့တိုက်နေတယ်ဆိုရင်တော့ သင်ရာသီလာဖို့ လအနည်းငယ်ကြာမှာပါ။

Muhxekcltvv9pfxu8h2y

မိခင်နို့တစ်မျိုးတည်းတိုက်တယ်ဆိုရင်

ရ လ ၈ လ လောက်ထိ ရာသီပြန်လာဦးမှာ မဟုတ်ပါဘူး
------------------------------------------------------

ကလေးနို့တိုက်နေတယ်ဆိုရင် ရာသီဘယ်တော့ ပြန်လာမလဲဆိုတာ ပြောရခက်ပါတယ်။ တချို့ကတော့ ကလေးနို့တိုက်ရင်းနဲ့ပဲ ၂ လ ၃ လလောက် ကြာတဲ့အခါ ပြန်လာတတ်ပါတယ်။ တချို့ကျတော့လည်း မေွးပြီး ၈ လ ကနေ ၁၀ လ အထိ ရာသီမလာသေးပါဘူး။ ဒီကိစ္စနှစ်ခုလုံးက ပုံမှန်ပါပဲ။

နို့တိုက်တာနဲ့ ရာသီလာတာရဲ့ကြားက အကြောင်းအရာတချို့ကိုလည်း သိထားသင့်ပါတယ်
----------------------------------------------------------------------------------------------------------

ကလေးကို မိခင်နို့တစ်မျိုးတည်းတိုက်တယ်ဆိုရင် ကလေးနို့စို့တာ မရပ်မချင်း ရာသီပြန်လာမှာ မဟုတ်ပါဘူး။ ဆိုလိုတာက ကလေးညဘက်မှာ အကြာကြီးအိပ်လို့ နို့တိုက်ရတဲ့ အချိန်တေွ နည်းသွားတယ်။ ဖြည့်စွက်စာတေွ စားလာလို့ နို့စို့တာနည်းလာတယ်ဆိုရင် ရာသီပြန်လာဖို့ အချိန်နီးနေပါပြီ။နို့တိုက်တဲ့အချိန်တွင်းမှာ တစ်ခါတလေ ရာသီလာသလိုမျိုး သေွးနည်းနည်းဆင်းတာ၊ စွန်းထင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲဖြစ်ပြီး ရာသီပြန်လာတာ ဒါမှမဟုတ် လာပြီး ရက်သွားတာမျိုး မဟုတ်ပါဘူး။ကလေးကို မိခင်နို့ တစ်မျိုးတည်းတိုက်တာလည်းမဟုတ်၊ ဖြည့်စွက်စာလည်း စကျေွးနေပြီဆိုရင် ကလေးမေွးပြီး ၁၂ ပတ် အတွင်းမှာ ရာသီပြန်လာနိုင်ပါတယ်။

Ure7ote5fjesxcav64ny

ကလေးမေွးပြီး ပထမဆုံးအကြိမ် ရာသီပြန်လာခြင်း
--------------------------------------------------------------

ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရာသီပြန်လာတဲ့အချိန်မတူပေမယ့် ရာသီလာတဲ့ပုံခြင်းတော့ တူကြပါတယ်။

အမျိုးသမီးအများစုက မီးဖွားပြီးစမှာ မီးနေသေွးဆိုတာ ဆင်းတတ်ပြီး ဒါက သိပ်မကြာခင်မှာပဲ သက်သာသွားမှာပါ။ တစ်ခါတလေကျတော့လည်း ဒါက ထူးထူးဆန်းဆန်း ပထမဆုံး ရာသီပြန်လာတာလည်း ဖြစ်တတ်ပါတယ်။ ဆေးရုံကတောင် မဆင်းရသေးဘူး။ မီးဖွားပြီးဆင်းတဲ့သေွးက မီးနေသေွးမဟုတ်ဘဲ ရာသီသေွးဖြစ်နေတတ်ပါတယ်။
မီးဖွားပြီး ဆင်းတဲ့သေွးက နီပုပ်ပုပ်အရောင်ရှိပြီး သာမန်ထက် ပိုများတတ်ပါတယ်။ ဒါကြောင့် ဘယ်နှနာရီခြားတခါ Pad လဲရသလဲဆိုတာကို သတိထားမိဖို့ လိုပါတယ်။ အများအားဖြင့်တော့ ၄ နာရီ တစ်ခါ Pad လဲရပါတယ်။ ဒါပေမဲ့ သေွးဆင်းအရမ်းများလွန်းရင် ၄နာရီ မပြည့်မီ လဲရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရမှာပါ။
ဒီလိုအချိန်မှာ ရာသီလာတာ ၁ပတ်လောက်ကြာတတ်ပြီး သေွးဆင်းတာလည်း အရင်ကထက်များတတ်ပါတယ်။ တစ်ပတ်ကျော်လာရင် ဆင်းတာလည်း နည်းပြီးတော့ အရောင်လည်း ပြောင်းလာပါတယ်။ နီပုပ်ပုပ်အရောင်ကနေ တဖြည်းဖြည်း အရောင်ဖျော့လာပါတယ်။

ရာသီလာစဉ် Pad သို့မဟုတ် Tampons သုံးခြင်း
----------------------------------------------------------

ကလေး နို့တိုက်ရင်း ရာသီကိစ္စကို ဖြေရှင်းတဲ့နေရာမှာ တတ်နိုင်သမျှ ကရိကထမများဘဲ လွယ်လွယ်ကူကူ ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ Tampons ထက်စာရင် သန့်ရှင်းတဲ့ Pad ကို ပိုပြီး အသုံးပြုစေချင်ပါတယ်။

အကြောင်းကတော့
--------------------------

Tamponsကို သုံးတဲ့အခါ သေွးဆင်းတဲ့ မိန်းမကိုယ်အဝကို ပိတ်ထားသလို ဖြစ်တဲ့အတွက် သေွးအောင်းနေတတ်ပြီး ဘတ်တီးရီးယားတေွ ပေါက်လာတတ်ပါတယ်။
အရင်က ခွဲမေွးထားတာပဲဖြစ်ဖြစ် ရိုးရိုးမေွးပြီး မေွးလမ်းကြောင်းချဲ့ထားတာပဲဖြစ်ဖြစ်လုပ်ထားမယ်ဆိုရင် ပိုးဝင်လွယ်ပါတယ်။ ပြီးတော့ ခုခံအားကလည်း မေွးဖွားပြီးစမှာ ကျနေမှာပါ။ဒီလိုအချိန်မှာ ပိုးဝင်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတေွ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Tampons ထက်စာရင် သန့်ရှင်းတဲ့ Pad ကို အသုံးပြုသင့်ပါတယ်။ Pad ကိုလည်း ၄နာရီခြား တစ်ခါလဲတာ ဒါမှမဟုတ် သေွးဆင်းများရင် ဒီထက်ပိုပြီး စောစောလဲပေးသင့်ပါတယ်။တကယ်လို့ ရိုးရိုး Pad သုံးရတာ အဆင်မပြေဘူးဆိုရင် မီးနေသည်တေွသုံးတဲ့ Maternity Pad တေွ သုံးလို့ရပါတယ်။ ဒါတေွက ပိုထူပြီး အသုံးပိုခံပါတယ်။

Bqvlhabw1jm5uchrzemm

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ
-------------------------------

သေွးဆင်းတာ အရောင်ဖျော့မသွားဘဲ ဆက်နီနေတယ်။ တစ်ပတ်ထက်ပိုကြာနေတယ်ဆိုရင်
စစရက်တေွ သေွးဆင်းတဲ့အခါ သေွးခဲတေွပါတတ်တာ ပုံမှန်ပါ။ ဒါပေမဲ့ သေွးခဲတေွက ကြီးနေမယ်။ နေ့တိုင်းနီးပါး သေွးခဲတေွဆင်းနေမယ်ဆိုရင်
သေွးဆင်းတာ နီပုပ်ပုပ်ကနေ အရောင်ဖျော့သွားပြီး ရုတ်တရက် နီပုပ်ပုပ်တေွ ပြန်ဆင်းတယ်ဆိုရင်
ဆင်းတဲ့ သေွးတေွက ပုံမှန်လည်း အနံ့နည်းနည်းရှိပါတယ်။ ဒါပေမဲ့ အနံ့ဆိုးလွန်းမယ်ဆိုရင်
ဝမ်းဗိုက်အောက်ပိုင်းနဲ့ မိန်းမကိုယ်မှာ နာကျင်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#Ref... ဒေါက်တာ ထက်ထက်ဇော်ဝင်း
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.