စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

မေမေတို့ နို့တိုက်နေစဉ် ခေါင်းကိုက်ခြင်း

Posted by May Thaw Htoo May 30, 2022
Mc4hnfz1mdy62ug9m5q0

မိခင်နို့တိုက်တယ်ဆိုတာ ကလေးအတွက်ရော မိခင်အတွက်ပါ သဘာဝကပေးတဲ့ စွမ်းအင်တစ်ခု ဖြစ်ပေမဲ့ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့အရာတွေထဲမှာတော့ မပါ ပါဘူး။ မွေးဖွားပြီးနောက်ပိုင်း ကိုယ်ခန္ဓာကိုယ် နာကျင်ခြင်းနဲ့ နို့သီးခေါင် အနာဖြစ်ခြင်း ( စာပါးစပ်) တွေကြောင့် မိခင်နို့တိုက်တဲ့အချိန်မှာ မထင်မှတ်ဘဲ နာကျင်မှုဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒီဆောင်းပါးမှာ ကျွန်တော်ပြောပြမယ့် ခေါင်းစဉ်ကတော့ မိခင်နို့ တိုက်ကျွေးနေတဲ့အချိန်မှာ ခံစားရတဲ့ ခေါင်းကိုက်ခေါင်းခဲ ဝေဒနာတွေပါ။

အမြဲလိုလို ဖြစ်တတ်ပါသလား
-------------------------------

နို့တိုက်နေစဉ် ခေါင်းကိုက်ခြင်းတွေက နာတာရှည်ဝေဒနာဖြစ်တတ်ပါတယ်။ ထူးဆန်းတာက ကျန်တဲ့အချိန်တွေမှာ ပုံမှန်အတိုင်းပဲ ဖြစ်ပြီး ကလေးနို့တိုက်တဲ့အချိန်မှသာ ခေါင်းကိုက်ခေါင်းခဲ ဝေဒနာခံစားရတတ်တာပါ။ တစ်ခါတလေမှာတော့ ခေါင်းကိုက်ဝေဒနာက နို့တိုက်ပြီးအတန်ကြာတဲ့အထိ ဖြစ်တာမျိုးကိုလည်း တွေ့ရပါတယ်။

ဒါတွေ ဘာကြောင့်ဖြစ်တာလဲ
------------------------------------

နောက်ကွယ်မှာ အကြောင်းရင်းများစွာ ရှိနေတတ်ပါတယ်။ www.momjunction.comက မူရင်းဆောင်းပါးမှာ ဖော်ပြထားချက်အရ ဒီအကြောင်းအရာတွေက မိခင်နို့တိုက်စဉ် ခေါင်းကိုက်ခေါင်းခဲ ဝေဒနာတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခဲခြင်း
မွေးဖွားပြီး တစ်ပတ်အတွင်း အီစထရိုဂျင်ဟော်မုန်း ကျဆင်းခြင်း
ရင်သားကိုက်ခဲခြင်း
ရေဓာတ်ဆုံးရှုံးခြင်း
မောပန်းနွမ်းနယ်ခြင်း
နှာခေါင်းနဲ့ နားပိုးဝင်ခြင်းများ
တချို့ဆေးကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ စတာတွေ ရှိတတ်ပါတယ်။
ဒီအကြောင်းအရာတွေကို အိမ်တွင်းကုသမှုတွေကိုလည်း အောက်မှာဆက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Niyt6dowczojvh0ahlty

၁။ ခေါင်းတစ်ခြမ်းကိုက်ခဲခြင်း
----------------------------------------

ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းဆိုတာ ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး မျိုးရိုးဗီဇကနေ နေ့စဉ်ဘဝ လူနေမှုပုံစံတွေနဲ့အထိ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။ ဒါကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့မှ သေချာကုသနိုင်မှာပါ။

၂။ မီးဖွားပြီးနောက် ခေါင်းကိုက်ခြင်း
------------------------------------------------

အမျိုးသမီး ဟော်မုန်းကျဆင်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကြောင့် နို့တိုက်မိခင်တွေ အထူးသဖြင့် မီးဖွားပြီး တစ်ပတ်အတွင်းမှာ ခေါင်းကိုက်ဝေဒနာ ဆိုးဝါးစွာ ခံစားရတတ်ပါတယ်။ ဒီလိုမျိုး မိခင်နို့တိုက်တဲ့အချိန်မှာ ခေါင်းခဲနေတာကို မိခင် ၃၀ ကနေ ၄၀ ရာခိုင်နှုန်းခန့် ခံစားရတတ်ပါတယ်။ဒါကို ကုသမှုအနေနဲ့ကတော့ ဆက်ပြီး နို့တိုက်ပါ။ မရပ်ပစ်ပါနဲ့။ မိခင်နို့တိုက်ခြင်းက အမျိုးသမီးဟော်မုန်း နဂိုပမာဏအတိုင်း ပြန်ရောက်ဖို့အတွက် အထောက်အကူပြုပါမယ်။

Tx6kx5qc0zedur7ogv3n

၃။ ရင်သားကိုက်ခဲခြင်း
-----------------------

မိခင်ရင်ဘတ်ထဲက နို့ပြွန်တေွထဲမှာ နို့ရည်တွေ ပိတ်မိနေတဲ့အခါမှာ ရင်သားကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေဝင်ပြီး အဖျားတက်ခြင်းနဲ့အတူ ခေါင်းကိုက်ဝေဒနာတွေပါ ခံစားရတတ်ပါတယ်။ ဒါကိုတော့ ကလေးကို အချိန်မှန် နို့တိုက်ခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပဋီဇီဝဆေးတွေ သောက်သုံးခြင်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

၄။ရေဓာတ်ဆုံးရှုံးခြင်း
------------------------------

မိခင်နို့ရည်ရဲ့ ၈၈ ရာခိုင်နှုန်းက ရေတွေပါ။ ကလေးအတွက် အသက် ၆လ အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်စရာရှိတဲ့အတွက် ကလေးနို့အတွက် မိခင်ဆီက ရေဓာတ်ဆုံးရှုံးပေးရနိုင်ပါတယ်။ ဒါကြောင့် ကလေးနို့တိုက်နေတဲ့ မိခင်တွေက ရေငတ်ဝေဒနာတွေ ခံစားရနိုင်သလို ခေါင်းကိုက်ဝေဒနာလည်း ဖြစ်တတ်ပါတယ်။ ဒါကိုတော့ လုံလောက်တဲ့ရေပမာဏ သောက်သုံးခြင်း၊ မိခင်သောက်သုံးလို့တဲ့ အရည်သန့်တွေကို ၀အောင်သောက်သုံးခြင်းတွေနဲ့ ကုသနိုင်ပါတယ်။

၅။မောပန်းနွမ်းနယ်ခြင်း
-------------------------------------

ကလေးအမေတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ မိသားစုက ထောက်ပံ့ကူညီပေးတယ် ပြောပြော နို့တိုက်ရတဲ့တာဝန်အပြင် အိမ်ထောင်မှု ကိစ္စတွေက အများကြီးပါပဲ။ ညဘက်ကလေးငိုတာတွေကြောင့်လည်း အိပ်ရေးပျက်တတ်ကြပါတယ်။ ဒါကြောင့် သာမန်လူတွေထက်ပိုပြီး မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒါကိုတော့ လုံလောက်စွာ အိပ်စက်ခြင်း၊ အနားယူခြင်းတွေနဲ့ ပြန်လည်ကုစားနိုင်ပါတယ်။

Rim6zywnkiu22yrcdna6

၆။ ဆေးများ၏ ဘေးထွက်ဆိုးကျိုး
---------------------------------------

မိခင် အားရှိအောင်သောက်တဲ့ ဆေးတချို့မှာ ခေါင်းကိုက်စေတတ်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်တော့ ဖြစ်တတ်ပါတယ်။ ဒါကိုတော့ သင့်ရဲ့သားဖွားမီးယပ်ဆရာဝန်တွေရဲ့ ညွှန််ကြားမှုတွေအတိုင်းပဲ စနစ်တကျသောက်သုံးခြင်း၊ ခေါင်းမှုးခေါင်းကိုက်ဖြစ်နေပါက ဆရာဝန်ကို ဆက်သွယ်ပြီး ပမာဏပြန်လည် ညှိနှိုင်းခြင်း‌နဲ့တွေကုသနိုင်ပါတယ်။

၇။ နား၊ နှာခေါင်းပိုးဝင်းခြင်းများ
---------------------------------------------

ဒါတွေကတော့ မိခင်နို့တိုက်ခြင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ဖျားနာခြင်းနဲ့ ခေါင်းကိုက်ဝေဒနာကြောင့် ကလေးနို့တိုက်ရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသမှုခံယူနိုင်ပါတယ်။အထက်မှာ ဖော်ပြခဲ့တာတွေကတော့ မိခင်နို့တိုက်စဉ်မှာ ခံစားရတဲ့ခေါင်းကိုက်ဝေဒနာတွေအကြောင်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ နို့တိုက်တိုင်း ခေါင်းကိုက်နေတတ်တယ်ဆိုရင်တော့ သတိထားပြီး ပြင်းထန်လာရင်တော့ ကုသမှု ခံယူဖို့ အကြံပြုလိုက်ရပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။


#Ref...ဒေါက်တာအောင်ကျော်မြင့်
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.