စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း ဇနီးမောင်နှံတို့ ဆက်ဆံရေးသင့်မြတ်စေဖို့ ဒါလေးတေွ ပြုလုပ်ပေးပါ

Posted by Ni Ni January 31, 2021
Dmnrzm3k0wfnhoy33ygz

ကိုယ်ဝန်ဆောင် အမျိုးသမီးတေွအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်ဟာ ပြောင်းလဲမှုများစွာကို ကြုံတေွ့ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပြောင်းလဲမှုတေွတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတေွလည်း ကြုံတေွ့လာရမှာပါ။ အမျိုးသားအပေါ် စိတ်ကြည်တစ်လှည့်၊ မကြည်တစ်လှည့်တေွ ဖြစ်လာနိုင်ပါတယ်။ အမျိုးသားအနေနဲ့ ဒါတေွကို နားမလည်ပေးရင် အိမ်ထောင်ရေးမှာ အဖုအထစ်တေွ ပေါ်လာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ဇနီးမောင်နှံနှစ်ယောက် ဘယ်လိုသင့်မြတ်အောင်နေရမလဲဆိုတာတေွကို သိမှတ်သမှျ ရေးသားလိုက်ပါတယ်။

Nls1oz6g5kgqsszlz9at

(၁) အတူတူလုပ်နေတဲ့အရာတေွကို ပြောင်းလဲလိုက်ပါ
----------------------------------------------------------------

အရင်တုန်းက အတူတူလုပ်ခဲ့တာတေွ၊ အတူတူသွားခဲ့တဲ့ နေရာတေွက အခုကိုယ်ဝန်ရှိလာတော့ သွားဖို့ ခက်ခဲတာ၊ လုပ်ဖို့ပင်ပန်းတာတေွ ဖြစ်လာနိုင်ပါတယ်။ အရင်က လေ့ကျင့်ခန်း အတူတူလုပ်ခဲ့တာတေွအစား အခုအနှိပ်ခံတဲ့နေရာတေွ၊ အကြောဖြေတဲ့ နေရာတေွသွားပြီး အတူတူ စိတ်ရောကိုယ်ပါ ဖြေလေှျာ့ကြည့်ပါ။ တစ်နေကုန်လေှျာက်လည်မယ့် အစားအိမ်မှာ စိတ်လွတ်ကိုယ်လွတ် ရုပ်ရှင်ကြည့်မုန့်စားပြီး နှစ်ယောက်အတူတူ ကြည်နူးဖွယ်အချိန်လေးတေွကို ကုန်ဆုံးလိုက်ပါ။

(၂) စကားပြောဖို့ အချိန်ရှိပါစေ
---------------------------------------

ဘယ်ဆက်ဆံရေးဖြစ်ဖြစ် နားလည်မှုရဖို့ဆိုရင် စကားပြောဖို့ အချိန်လိုပါတယ်။ ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ အစားအသောက်တေွ၊ ကိုယ်ဝန်ဆောင်အားဆေးတေွ၊ ကိုယ်ဝန်ပုံမှန်ပြဖို့တေွ၊ ကိုယ်ဝန်ကို သေချာဂရုစိုက်ဖို့တေွကိုပဲ အာရုံရောက်နေတတ်လို့ လင်မယားနှစ်ယောက် ကိုယ်ပိုင်စကားပြောချိန်ဆိုတာ မရှိသလောက် ရှားပါးလာပါတယ်။ ဒါကြောင့် တစ်နေ့တာအတွင်း ဘာတေွှဖစ်လာတာတေွ၊ ပျော်တာတေွ၊ ဝမ်းနည်းတာတေွ၊ စိတ်ခံစားမှုတေွကို အပြန်အလှန်ပြောပြီး တိုင်ပင်ဖို့ အချိန်လေးပေးလိုက်ပါ။

(၃) မိမိရဲ့အဖော်ကို ပိုဂရုစိုက်ပေးပါ
----------------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းကလည်း ကိုယ်ဝန်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစို်က်တာ၊ ဖခင်လောင်းကလည်း လုပ်စရာရှိတဲ့အလုပ်တေွကို လုပ်နေတာနဲ့ နှစ်ယောက်က အချင်းချင်း ဂရုမစိုက်နိုင်ဘဲ အထီးကျန်လာတတ်ပါတယ်။ ကိုယ်ရဲ့ လက်တွဲဖော်ကို အချိန်ပိုပေးပြီး ဂရုစိုက်လိုက်ရင် ပစ်ပယ်ခံထားတဲ့ခံစားချက်မျိုး မရစေသလို ကလေးမေွးလာရင် သင်တို့ရဲ့ ဆက်ဆံရေး ပိုဆိုးပြီးပိုပြောင်းလဲလိမ့်မယ်လို့လည်း ခံစားရမှာမဟုတ်ပါဘူး။

(၄) ကြင်ကြင်နာနာ အထိအတေွ့လေးတေွကို ဆက်လက်ထိန်းထားပေးပါ
-----------------------------------------------------------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာ အထိအတေွ့တေွက ဆက်ဆံရေးတစ်ခုအတွက် အရေးကြီးပါတယ်။ ပျို့အန်မယ်၊ မူးမယ်၊ အားမရှိသလိုဖြစ်မယ် စတာတေွ ခံစားရနိုင်လို့ ဘာလုပ်လုပ် စိတ်မပါ ဖြစ်တတ်ပါတယ်။ လင်မယား အတူနေတာတောင် ခက်ခဲသလို စိတ်မပါသလိုမျိုး ဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်လရင့်သွားရင်လည်း အတူတူနေဖို့ အဆင်မပြေလို့ ငြင်းဆန်တာမျိုး ဖြစ်တတ်ပါတယ်။ လင်မယားနှစ်ယောက် ပွင့်ပွင့်လင်းလင်းပြောပြီး တိုင်ပင်ပါ။ အလိုမကျတာကိုလည်း အတင်းလုပ်ယူတာမျိုး မဖြစ်အောင်၊ ကြင်နာတဲ့အထိအတေွ့လေးတေွလည်း ရအောင်ဆေွးနေွးပါ။

Mip5oc908o5x6lmqmpls

ကိုယ်ဝန်ကမိမိတို့ရဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြောင်းလဲစေနိုင်သလဲ
------------------------------------------------------------------------------

ကိုယ်ဝန်ရှိတယ်ဆိုတာ တစ်ရက်တစ်မနက်ပဲ ကြုံပြီး ပြီးသွားမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။ သင်ရော သင့်အိမ်ထောင်ဖက်ရော ကိုးလလုံးလုံး ကြုံရမယ့်အရာတစ်ခုပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ဘာတေွ ကြုံလာရမလဲ၊ ဘာတေွပြောင်းလဲသွားနိုင်လဲဆိုတာကို သိထားသင့်ပါတယ်။

(၁) သင်က သင့်အိမ်ထောင်ဖက်အပေါ်ကို ပိုပြီးမှီခိုလာပါလိမ့်မယ်။ ခါတိုင်း တစ်ယောက်ထဲ လုပ်နေကြတေွ၊ လုပ်နိုင်တာတေွကိုတောင် မလုပ်တော့ဘဲ ဖြစ်သွားနိုင်ပါတယ်။ ဆရာဝန်နဲ့ ကိုယ်ဝန်ပြဖို့အပ်တာတေွ၊ ယောဂဆော့တာတေွမှာ သင့်အဖော်ကို ပိုလိုအပ်လာတယ်လို့ ထင်နေပါလိမ့်မယ်။ သင့်အဖော်က သင့်ကို အချိန်မပေးနိုင်ရင် သင့်ကို ပစ်ထားတယ်လို့ ခံစားရနိုင်ပါတယ်။

(၂) သင်က ကိုယ်ဝန်အပေါ်နဲ့ ကလေးအပေါ်မှာချည်း ဂရုစိုက်နေရင် သင့်အိမ်ထောင်ဖက်အနေနဲ့ အထီးကျန်ပြီး ပစ်ထားခံရတယ်လို့လည်း ခံစားရနိုင်ပါတယ်။

(၃) ကြင်ကြင်နာနာ အထိအတေွ့တေွ၊ လင်မယားနှစ်ယောက် အတူတူနေတာတေွ မရှိတော့တာ၊ နည်းသွားတာကလည်း နှစ်ယောက်ကို ဝေးသွားတယ်လို့ ခံစားရနိုင်တဲ့အကြောင်းအရင်း တစ်ခုပါပဲ။

Vg1l1bbvtywtkw3qb2fg

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဘယ်လိုစိတ်အခန့်မသင့်တာတေွ၊ ရန်ဖြစ်တာတေွှကုံလာနိုင်သလဲ
-------------------------------------------------------------------------------------------------

အရင်တုန်းက အရမ်းချစ်ခင်ပြီး စကားအသံ ကျယ်ကျယ်ပြောတာတောင် မရှိဖူးပေမယ့် ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာတော့ နေ့တုုိင်းလိုလို အကြောင်းမရှိဘဲ စိတ်အခန့်မသင့်တာတေွ၊ ရန်ဖြစ်တာတေွ ကြုံလာရနိုင်ပါတယ်။ စိတ်ခံစားမှုတေွ၊ ဟော်မုန်းအပြောင်းအလဲတေွ၊ စကားပြောရတဲ့ အချိန်နည်းလာတာတေွ၊ နားလည်မှုလွဲတာတေွ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

အဲဒီထဲကမှ တချို့အကြောင်းအရာတေွကတော့-

(၁) ကလေးနာမည် ရေွးခြင်း

ကလေးနာမည်ရေွးတာက တော်တော်ခေါင်းရှုပ်ပြီး နှစ်ယောက်စိတ်တိုင်းကျဖို့ ခက်တဲ့အထဲပါပါတယ်။ ကိုယ့်ဆေွမျိုး၊ မျိုးရိုး နာမည်ပေးတာတေွ၊ ကလေးနာမည်တေွကို အများကြီး ရေးချထားပြီးရေွးခိုင်းတာတေွကို မကြိုက်လို့ ရန်ဖြစ်ရတာတေွ ကြုံရပါလိမ့်မယ်။

တစ်ဖက်သားကို ကိုယ်လိုချင်တဲ့ နာမည်ရေွးအောင်အတင်းကြီး မတိုက်တွန်းပါနဲ့။ အချိန်ပေးပြီး နှစ်ယောက်သား သေချာ တိုင်ပင်ဆေွးနေွးပါ။ အချင်းချင်း ကြိုက်တာတေွကို သေချာရေွးပြီး သူ့အကြိုက်၊ ကိုယ့်အကြိုက်ဖလှယ်ရင်း နားလည်မှုတေွနဲ့ နာမည်ပေးပါ။

(၂) ဂရုမစိုက်ဘဲ ပစ်ထားသလို ခံစားရခြင်း

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သင့်ရဲ့ စိတ်ခံစားမှုတေွက ထိခိုက်လွယ်နေတတ်ပါတယ်။ လိုအပ်တဲ့ ဂရုစို်က်မှုမျိုး၊ လိုချင်တဲ့နားလည်မှုမျိုး မရဘူးလို့ ခံစားရတတ်ပါတယ်။ အတူတူ လုပ်ဖို့ ချိန်းထားတာလေးတစ်ခု မေ့ရင်တောင် ဖြေရှင်းမရတဲ့ပြဿနာအကြီးကြီး တက်တာအထိ ဖြစ်သွားနိုင်ပါတယ်။

သင့်ရဲ့ အိမ်ထောင်ဖက်ကိုပဲေ မှျာ်လင့်အားကိုးပြီး စိတ်ဖိစီးမှုပေမယ့်အစား မိတ်ဆေွ၊ သူငယ်ချင်းတေွဖွဲ့ပါ။ ကိုယ်ဝန်ဆောင်အချင်းချင်း သူငယ်ချင်းအဖွဲ့တေွ ဖွဲ့ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း ခံစားရတဲ့လက္ခဏာတေွ ပြောပြတိုင်ပင်တာ၊ ကိုယ်ဝန်အတူတူ သွားပြတာတေွ လုပ်ကြည့်ပါ။ ဒါဆို သင်နဲ့ သင့်အိမ်ထောင်ဖက်ကြားမှာလည်း အချိန်ပိုထွက်လာပြီး နှစ်ယောက်အတူတူ ကြည်နူးနိုင်မှာပါ။

(၃) အတူတူနေခြင်း

သင့်ရဲ့အိမ်ထောင်ဖက်စိတ်ထဲမှာ သင်က ကိုယ်ဝန်ဆောင်ချိန်မှ ပိုလှလာတာ၊ ခန္ဓာကိုယ်ကောက်ကြောင်း ပိုပေါ်လာတာတေွကို ခံစားမိပြီး စိတ်ခံစားမှုတေွ ပြင်းထန်နေပါလိမ့်မယ်။ ဒါကြောင့် သင်နဲ့ ပူးပူးကပ်ကပ် နေခွင့်ရအောင်၊ အတူတူ ဆက်ဆံရအောင် ကြိုးစားပါလိမ့်မယ်။ သင့်အနေနဲ့ အတူတူနေချိန်အတွင်း အပေါ့ထွက်ကျမှာတေွ၊ ကိုယ်ဝန်ထိခိုက်မှာတေွကို ကြောက်နေပါလိမ့်မယ်။ စိတ်သဘောထားချင်း မတိုက်ဆိုင်တေွက နောက်ဆုံးရန် ဖြစ်သွားနိုင်ပါတယ်။

သင်ကြောက်နေတဲ့အရာတေွကို ပွင့်ပွင့်လင်းလင်းပြောပြီး တိုင်ပင်လိုက်ပါ။ နှစ်ယောက်နားလည်မှု အပြည့်ရှိသွားပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့အချိန်အဖြစ် ပြောင်းလဲသွားနိိုင်ပါတယ်။

(၄) ငေွကြေးကြောင့်ဖြစ်ခြင်း

ကိုယ်ဝန်စရှိလာပြီဆိုတာနဲ့ ငေွအကုန်အကျတေွ များလာပါပြီ။ မမေှျာ်လင့်တဲ့ ပမာဏအထိ ကုန်မှာတေွကြောင့် လန့်သွားနိုင်ပြီး ငေွကြေးစီမံခန့်ခွဲဖို့ ခက်ခဲလာမှာပါ။ ကြာလာရင် စိတ်ဖိစီးမှုတေွ ဖြစ်လာပြီး စကားများရနိုင်ပါတယ်။

ငေွကြေးပြဿနာအတွက် နှစ်ယောက်အတူ သေချာဆေွးနေွးတိုင်ပင်ပါ။ ဝင်ငေွဘယ်လောက်ရှိတာ၊ ဘယ်ဟာကို မဖြစ်မနေသုံးရမှာတေွ၊ သုံးသင့်တာတေွကို သေချာတိုင်ပင်ပြီး လတိုင်းစာရင်းလုပ်ပြီး ငေွစုဖြစ်အောင် ကြိုးစားပါ။

(၅) နှစ်ဖက်မိဘ၊ ဆေွမျိုးတေွ ဝင်စွက်ဖက်ခြင်း

ကိုယ်ဝန်ရှိတဲ့အချိန် နှစ်ဖက်ဆေွမျိုးတေွ ကိုယ်ဝန်လာကြည့်တာတေွ၊ စကားလာပြောတာတေွ၊ ဆရာလုပ်တာတေွ၊ ဝင်နေှာင့်ယှက်တာတေွနဲ့ နှစ်ယောက်ပြဿနာ ဖြစ်တတ်ပါတယ်။

နှစ်ဖက်မိဘတေွ၊ ဆေွမျိုးတေွဆီက အကူအညီလိုပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တေွကို သင်တို့နှစ်ယောက်ပဲ ချမှတ်ရမယ်ဆိုတာ စိတ်ထဲထည့်ထားပါ။ သင့်ရဲ့ မိသားစုက သင်တို့နဲ့ပဲ ဆိုင်တယ်ဆိုတာ သိထားပါ။ အသိုင်းအဝိုင်းတေွ ဝင်စွက်ဖက်တာ လွန်လာရင်တော့ သင့်ရဲ့အိမ်ထောင်ဖက်ကို အသိပေးပြီးနားလည်အောင်ပြောပါ။

ကို်ယ်ဝန်ဆောင်ကာလအတွင်း ပြဿနာဖြစ်လှျင်

ကိုယ်ဝန်ဆောင်အချိန်အတွင်း စိတ်ခံစားမှု ပြင်းထန်ရင်၊ စိတ်ဆိုးဒေါသထွက်ရင် ခန္ဓာကိုယ်ဟော်မုန်းတေွ အပြောင်းအလဲဖြစ်ပြီး မိခင်ရော၊ ကလေးကိုပါ ထိခိုက်နိုင်ပါတယ်။ မိခင်အနေနဲ့ ကလေးမမေွးခင် စိတ်ဖိစီးမှုတေွ၊ စိတ်ဓာတ်ကျတာတေွ ကြုံရနိုင်သလို ကလေးမေွးပြီးတဲ့အချိန်အထိပါ စိတ်ရောဂါ ဖြစ်သွားနိုင်ပါတယ်။ စိတ်ဖိစီးမှုများရင် သေွးတိုးတက်တာတေွ၊ ဟော်မုန်းမရညီမမှျတေွ ဖြစ်ပြီးကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလဆိုတာ ကိုယ်ဝန်ဆောင်မိခင်တင်မကဘဲ အိမ်ထောင်ဖက်မှာပါ အကျိုးသက်ရောက်မှု အများကြီး ရှိနိုင်ပါတယ်။ ဖြစ်လာမယ့်ပြဿနာ၊ ကြုံလာတဲ့ကိစ္စလေးတေွကို နှစ်ဖက်သေချာညှိနှုိင်းပြီး သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
#Ref... ဒေါက်တာအိမ့်
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.