စျေး မီဒီယာ
မမွေးဖွားမှီ

ဒုတိယကိုယ်ဝန်နှင့် ပတ်သက်၍ သိထားသင့်သော လက္ခဏာများ

Posted by Ni Ni January 29, 2021
Hzuh5jfkquitxeenk0cd

အမျိုးသမီးအများစုသည် ဒုတိယကို်ယ်ဝန်နှင့်ပတ်သတ်၍ အောက်ဖော်ပြပါများကဲ့သို့သော် စိုးရိမ်ပူပန်မှုများ ရိှနိုင်ပါသည်။

ရာသီလးနေစဉ် ကိုယ်ဝန်ရတာ ဖြစ်နိုင်ပါ့မလား
ကိုယ်ဝန် တကယ်ရိှတာလား စိတ်က ထင်တာလား
ဒုတိယကိုယ်ဝန်က ပထမကိုယ်ဝန်နှင့် ဘာတေွ ကွာခြားလဲ
ဒုတိယကိုယ်ဝန်နှင့်ပ တ်သက်၍ အထောက်အကူဖြစ်စေရန် ဒုတိယကိုယ်ဝန်ရိှချိန်တွင် ဖြစ်ပေါ်တတ်သော လက္ခဏာများကို ဖော်ပြလိုက်ပါသည်။

Ippfgaauhfb7bkx2tzr3

၁။ နို့အုံနာကျင်ခြင်း
-------------------------------

ကိုယ်ဝန်ဆောင်ခြင်းတွင် တေွ့ရအများဆုံး လက္ခဏာဖြစ်ပါသည်။ နို့အုံကို ထိလိုက်တိုင်း နာကျင်မှုကို ခံစားရနိုင်ပြီး ရံဖန်ရံခါတွင် နာကျင်မှု ပြင်းထန်နိုင်ပါသည်။

၂။ အားအင်ကုန်ခမ်း ပင်ပန်းလွယ်ခြင်း
-------------------------------------------

ကိုယ်ဝန်ဆောင်ကာလတွင် အားအင်ကုန်ခန်းခြင်းပင်ပန်းလွယ်ခြင်းတို့ကို ခံစားရနိုင်ပြီး ဒုတိယကိုယ်ဝန်တွင် ပထမကိုယ်ဝန်ထက်ပို၍ ပင်ပန်းမှုကို ခံစားရနိုင်ပါသည်။ အကြောင်းအရင်း တစ်ချက်မှာ ဒုတိယကိုယ်ဝန်ဆောင်စဉ် ပထမကိုယ်ဝန်လောက် အနားမရသောကြောင့်လည်း ဖြစ်နှိင်ပါသည်။

၃။ နံနက်ခင်းတွင် မအီမသာဖြစ်ခြင်း- Morning Sickness
--------------------------------------------------------------------

ပထမကိုယ်ဝန်ကဲ့သို့ပင် ဒုတိယကိုယ်ဝန်တွင်လည်း မအီမသာဖြစ်ခြင်းကို ခံစားရနိုင်ပါသည်။ မူးဝေအော့အန်ခြင်း ခေါင်းမူးခေါင်းကိုက်ခြင်းများ ဖြစ်တတ်ပါသည်။

၄။ အခြားလက္ခဏာများ
----------------------------

ဒုတိယကိုယ်ဝန်တွင် တေွ့ရတတ်သော အခြားလက္ခဏာများမှာ ချင်ခြင်းတတ်ခြင်း၊ သေွးအနည်းငယ် ဆင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင်ခြင်းနှင့် ဆီးမကြာခဏ သွားခြင်းတို့ ဖြစ်ကြပါသည်။

Bobve7g52gwzt02nuiqs

ပထမကိုယ်ဝန်ကဲ့သို့ပင် အဆိုပါလက္ခဏာများသည် ကိုယ်ဝန်ရိှသည်ဟုသိပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဖြစ်ပေါ်တတ်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ခံစားရသော လက္ခဏာများကို အောက်ပါအတိုင်း ရက်သတ္တပတ်အလိုက် ဖော်ပြလိုက်ရပါသည်။

ပထမပတ်
-------------

အနည်းငယ်ပင်ပန်းသလိုရိှ၍ အိပ်ချင်သလိုလို ဖြစ်တတ်သည်။
ဗိုက်အောင့်ခြင်းလည်း အနည်းငယ် ဖြစ်နိုင်သည်။
အစားစားချင်စိတ် တက်လာမည်။

ဒုတိယပတ်
-------------

အဆစ်အမြစ်ရောင်ခြင်း၊ အပြင်းအထန် ခေါင်းကိုက်ခြင်း၊ နို့အုံ ရောင်ရမ်းခြင်းများ ဖြစ်တတ်သည်။
အိပ်ယာထချိန်တွင် မူးဝေခြင်း မအီမသာဖြစ်ခြင်းများ ခံစားရနိုင်သည်။
ရင်ပြည့်ရင်ကယ်ခြင်းများ ဖြစ်တတ်သည်။
အနည်းငယ် သို့မဟုတ် မပြင်းအထန် ဗိုက်အောင့်သော်လည်း ရာသီလာခြင်းနှင့်ဆိုင်သော လက္ခဏာများ မတေွ့ရတတ်ပါ။
ဝမ်းဗိုက်နှင့် တင်ပါးစုံပိုင်းနာကျင်ခြင်း နောက်ကျောနာကျင်ခြင်းများ သာမန်ထက်ပို၍ ကြုံတေွ့ရတတ်ပါသည်။
ရက်အနည်းငယ် ဝမ်းချုပ်၍ နောက်ပိုင်းတွင် ဝမ်းလေှျာခြင်းသို့ ပြောင်းလဲသွားတတ်ပါသည်။
မကြာခဏ လေလည်တတ်သည် (အနံ့လည်း ပြင်းသည်)။
အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးဖွင့်ထားရန်ပင် ခဲရင်းနိုင်သည်။
ရေဆာတတ်သည်။
စိတ်အတက်အကျ မြန်မည်။
ဗိုက်နာခြင်းကြောင့် ဘေးတံစောင်းအိပ်ခြင်း မေှာက်အိပ်ခြင်းများ ပြုလုပ်ရန် ခက်ခဲနိုင်ပါသည်။
မနက်ပိုင်းများတွင် အဖြူအနည်းငယ် ဆင်းတတ်သည်။
ဆီးသွားများမည်။
ယခင်က မနှစ်သက်သော အစားအစာများ ကိုယ်ပင်ချင်ခြင်း တက်တတ်သည်။
မျက်နှာတွင် ဝက်ခြံများ ပေါက်လာနိုင်သည်။

တတိယပတ်
--------------

ဝမ်းဗိုက်၏ အချို့ နေရာများတွင် မာလာမည်။
နို့အုံထိပ်နား မည်းလာမည်။
နို့အုံ အလွန်နာကျင်နိုင်သည်။
နို့အုံတွင် အရောင်တောက်တောက် သေွးကြောပြာလေးများ ယှက်သန်းလာသည်ကို သတိပြုမိနိုင်သည်။
စိတ်အတက်အကျ အလွန်မြန်နိုင်သည်။

စတုထ္ထပတ်
-------------

အတေွ့ရများဆုံးမှာ တင်ပါးဆုံကြွက်သားများ ကျုံ့ဆန့်ခြင်း ဖြစ်နိုင်သည်။
မနက်ခင်းတွင် မူးဝေအော့အန်ခြင်း ဗိုက်နာခြင်းများ ကြုံတေွ့ရနိုင်ပါသည်။
အိပ်ချိန်တိုးလာမည်။
အချို့စကားလုံးများကို မေ့လျော့ခြင်း၊ ပစ္စည်းများမကြာခဏ လွတ်ကျခြင်းများ ဖြစ်နိုင်သည်။
ထူးဆန်းသော အိပ်မက်များ မက်တက်သည်။
အိပ်စက်ခြင်းဆိုင်ရာ ပြသနာများ ပေါ်လာတတ်သည်။
ကိုယ်အပူချိန် တက်တတ်သည်။
ရုတ်တရက် ဝမ်းလေှျာတတ်သည်။
မူးဝေခြင်းများ ခံစားရနိုုင်သည်။

D5lpbzdprbyu2r7e0w1f

ပထမကိုယ်ဝန်နှင့် မတူခြင်းမှာ ဒုတိယကိုယ်ဝန်တွင် မိခင်များသည် ကိုယ်ဝန်ဆောင်လက္ခဏာများကို ပို၍ သတိပြုမိလာကြသည်။ဒုတိယကိုယ်ဝန်တွင် ကြုံတေွ့ရသော အခြားလက္ခဏာများလည်း ရိှသေးသည်။

ပထမကိုယ်ဝန်ထက်ပို၍ ပင်ပန်းတတ်ပါသည်။ ပထမကလေးကို ထိန်းသိမ်း စောင့်ရေှာက်ရခြင်းကြောင့်လည်း ပါဝင်ပါသည်
နို့ရည်အနည်းငယ် ထွက်တတ်သည်။
ဗိုက်ပူမြန်မည်။ သင့်သားအိမ်မှာ ပထမကိုယ်ဝန်ဆောင်ဖူးခြင်းကြောင့် ဒုတိယအခေါက်တွင် ပြင်ဆင်မှု မြန်ဆန်လာခြင်း ဖြစ်ပါသည်။
ကြွက်သားများ ကျုံ့ဆန့်ခြင်းကို သတိထားမိလာနိုင်သည်။
ပထမကိုယ်ဝန်လောက် ကိုယ်အလေးချိန် မတက်တော့ပါ။
တင်ပါးစုံနှင့် နောက်ကျောပိုင်းပိုမို နာကျင်လာနိုင်သည်။
ပထမကိုယ်ဝန်တွင် ကိုယ်ဝန်ဆောင်လက္ခဏာများ ဆိုးရွားခြင်း မရိှခဲ့သော်လည်း ဒုတိယကိုယ်ဝန်တွင် ဆိုးရွားလာနိုင်ပါသည်။
မိမိကိုမိမိ မအန်တတ်ဖူးဟုထင်သော မိခင်များပင် ဒုတိယကိုယ်ဝန်တွင် အပြင်းအထန် မူးဝေအော့အန်ခြင်းများ ကြုံတေွ့ရတတ်ပေသည်။
#Ref...Dr M
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.