စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးတွေ ကြို့ထိုးရင် ဘာကြောင့် ကြို့ထိုးနေတတ်သလဲ

Posted by Ni Ni January 29, 2021
Qs5w8qaz9jldihphffpo

ကလေးတေွက ငယ်ငယ်လေးကတည်းက ကြို့ထိုးတတ်ကြပါတယ်။ အေမေ့ဗိုက်ထဲမှာကတည်းက ရေမြွာရည်တေွကို မြိုမိတဲ့အတွက် ကြို့ထိုးတတ်ကြပါတယ်။ အမေ့ဗိုက်ထဲက ထွက်လာတဲ့အခါမှာတော့ နို့ရည် ဒါမှမဟုတ် တစ်ခုခုကို မြိုချမိရာကနေ ဖြစ်တတ်ပါတယ်။ အဓိကအဖြစ်များရတဲ့ အကြောင်းတေွထဲမှာတော့........

Gwr5q0z9bqds6s1tuuqx

၁။ အစာအိမ်လမ်းကြောင်းမှ တုန့်ပြန်မှု
-----------------------------------------------

ကလေးငယ်တေွမှာ အစာမြိုပြွန်က ကောင်းကောင်းဖွံဖြိုးလေ့ မရှိတတ်ပါဘူး ။ ဒါ့ကြောင့် အစာအိမ်ထဲ ရောက်ပြီးသား အအစားစာတေွနဲ့ အတူ အက်ဆစ်တေွဟာ လှျံပြီး အစာမြိုပြွန်ထဲကို ပြန်လည် ရောက်ရှိတတ်ပါတယ်။ ဒီဖြစ်စဉ်က ရင်ဘတ်နဲ့ ၀မ်းဗိုက်ခြား ကြွက်သားတေွကို လှုံဆော်မှုဖြစ်စေပြီး ကြို့ထိုးခြင်း ဖြစ်တတ်တာပါ။

၂။ အစာကျေှးတာ များခြင်း
-------------------------------------

အစာကျေှးတာ ဒါမှမဟုတ် နို့တိုက်တာ များတဲ့အခါမှာတော့ ချက်ချင်းဆိုသလို အစာအိမ်ကြီး ဖောင်းကားနေတတ်ပါတယ်။ ရုတ််တရက်ကြီး ၀မ်းဗိုက်ထဲမှာ တစ်ခုခုပြည့်လာတဲ့အခါမှာ ရင်ခေါင်း ကြွက်သားတေွကို သွားနိှုးဆွတဲ့အတွက် ကြို့ထိုးတတ်ကြပါတယ်။

Elicizsauzum8aliettu

၃။ နို့ဘူးတိုက်ခြင်း
-----------------------------

ကလေးကို မိခင်နို့တိုက်တာ မဟုတ်ဘဲ နို့ဘူးနဲ့တိုက်တဲ့အခါမှာ ကြို့ထိုးခြင်းတေွ ဖြစ်တတ်ပါတယ်။ မိခင်နို့သီးခေါင်းနဲ့ ကပ်စို့သလို မဟုတ်ဘဲ နို့ဘူးနဲ့ စို့တဲ့အတွက် လေတေွပါ မြိုချမိတတ်ပါတယ်။ ရလဒ်ကတော့ အစာအိမ်ကြီး ဖောင်းကားလာပြီး အပေါ်က ပြောသလိုမျိုး ဖြစ်တတ်ပါတယ်။

၄။ ဓာတ်မတည့်ခြင်း
--------------------------

ကလေးကို ဖော်မြူလာနို့တေွ တိုက်တဲ့အခါမှာ နို့ထဲမှာ ပါတဲ့ ဓာတ်တေွကို ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီဖြစ်စဉ်ရဲ့ အကျိုးဆက်အားဖြင့် အစာရေမြိုပြွန် ရောင်ရမ်းပြီးတော့ ကလေးကြို့ထိုးတတ်ပါတယ်။

Ce9pxwo9qigzbed6sljl

၅။ လေထဲက အမှုန်အမွှားများ
-----------------------------------

အသက်ရှူနေရတဲ့ လေထုထဲမှာ မြူ၊ ဖုန်မှုန့်တေွ စတဲ့ အမှုန်အမွှားတေွ ၊ ကလေးငယ်အတွက် ပြင်းထန်လွန်းတဲ့ အမေွှးရနံတေွ ပါ၀င်နေတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီး မကြာခဏ ချောင်းဆိုးတတ်ပါတယ်။ ချောင်းဆိုးပါများတဲ့အခါ ၀မ်းဗိုက်နဲ့ ရင်ခေါင်းကြား ကြွက်သားကို နှုိးဆွမှုတေွ ဖြစ်ပြီး ကြို့ထိုးတတ်ပါတယ်။

၆။ ရုတ်တရက် အပူချိန် ကျဆင်းခြင်း
-------------------------------------------

ရုတ်တရက် အပူချိန်ကျဆင်းသွားတဲ့အခါမှာ ကလေးရဲ့ကိုယ်တွင်ကြွက်သားတေွ တောင့်တင်းသွားတတ်ပါတယ်။ အဆိုပါ ကြွက်သားတေွ တောင့်တဲ့အထဲမှာ ၀မ်းဗိုက်နဲ့ ရင်ခေါင်းခြား ကြွက်သားလည်း ပါ၀င်ပါတယ် ။ ဒါကြောင့်လည်း ကြို့ထိုးတတ်ပါတယ်။ကြို့ထိုးခြင်း ဖြစ်စဉ်တေွက အမြောက်အများ ဖြစ်တဲ့အတွက် ကလေး ကြို့ထိုးတဲ့အခါ အရမ်းမစိုးရိမ်ပါနဲ့ ။ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းတေွနဲ့ ပြန်ချိန်ညှိပါ ။ ပြီးရင်တော့ ကလေး ဘယ်အချိန်မှာ ကြို့ထိုးတတ်တယ်ဆိုတာကို စာရင်းလုပ်ထားပေးသင့်ပါတယ်။
#Ref....ဒေါက်တာ အောင်ကျော်မြင့်
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.