ကလေးတေွက စကားမပြောတတ်သေးတော့ ပျော်လို့ရှိရင် သူတို့ပျော်တဲ့အမူအရာက သိပ်သိသာတယ်။ တစ်ကိုယ်လုံး လှုပ်ရှားပြီးတော့ အသံတေွဘာတေွ ထွက်လာတာ ရှိတယ်။ အဲဒါက သူတို့ရဲ့ မျက်နှာကို ကြည့်လိုက်၊ သူတို့ရဲ့ကိုယ်လက်တေွရဲ့ လှုပ်ရှားမှုကို ကြည့်လိုက်ရင် သိသာတယ်။
အဲဒီလို မဟုတ်ဘဲ သူတို့မှာ မသက်မသာဖြစ်ရင်လည်း အသံက သူတို့မှာ မသက်မသာဖြစ်တဲ့ အသံနဲ့ ထုတ်ဖော်ပြောပြတတ်ကြတယ်။ ဒါကြောင့် ကလေးက စကားမတတ်သေးတဲ့ အခါမှာ လူကြီးက ကလေးရဲ့အမူအရာတေွကို ကြည့်ပြီးတော့ ဒါဆိုရင် ကလေးရဲ့ စိတ်ခံစားမှုဟာ မသက်မသာဖြစ်နေပြီ။
ဒါဆိုရင်တော့ ကလေးက စိတ်ခံစားချက်ကောင်းနေပြီဆိုတာကို သိရမယ်။ အဲဒီတော့ ကလေးက စိတ်မသက်မသာ ဖြစ်နေပြီဆိုတာကို သိပြီဆိုရင်တော့ အကောင်းဆုံး ဘာလိုအပ်နေပြီဆိုတာ သိအောင်လုပ်ပြီးတော့ အမြန်ဆုံး ဖြည့်ဆည်းပေးရင် ကလေးက ကောင်းတဲ့ခံစားမှု ဖြစ်လာပါလိမ့်မယ်။
#Ref(မြတ်စုငြိမ်း - မေ့ရင်သေွးကောက်နုတ်ချက်မှ)