မေမေတို့ရေ ရင်သေွးငယ်လေးတေွအနေနဲ့ အရွယ်ရောက်လာတဲ့အခါ ပြေးလွှားဆော့ကစားပြီး ကစားစရာတေွကိုလည်း မြေပေါ်မှာချပြီး ကိုင်တွယ်ဆော့ကစားတတ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ ဆော့ကစားရင်းနဲ့ စားစရာတစ်ခုခုကို စားမိတာမျိုး၊ ဆော့ကစားပြီးချိန်မှာ မုန့်သားရေစာတေွကို ကိုင်တွယ်စားမိတတ်တာမျိုးတေွရှိတတ်ပါတယ်။ အချို့ကလေးတေွကတော့ ထမင်းစားချိန်မှာ လက်ကိုဒီအတိုင်းပဲဆေးကြောပြီး စားလိုက်တာမျိုးတေွရှိတတ်ပါတယ်။
အလွယ်တကူမသိရှိနိုင်ဘဲ လက်ကတဆင့်ရောဂါပိုးတေွက ၀မ်းဗိုက်ထဲကိုရောက်ရှိပြီး ရင်သေွးငယ်တေွမှာ ရောဂါတေွှဖစ်ပွားတတ်ပါတယ်။ အဲ့ဒါကြောင့် မိဘတေွ၊ မိသားစုတေွအနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတို့ကို စနစ်တကျလက်ဆေးတတ်ဖို့ ပြုစုပျိုးထောင်ပေးသင့်ပါတယ်နော်။
သားသားမီးမီးတို့ကို ဆော့ကစားပြီးတိုင်း လက်ဆေးတတ်အောင်၊ အစားမစားမီလက်ဆေးတတ်အောင်၊ အပြင်ကပြန်လာတိုင်းလက်ဆေးတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ လက်ဆေးတဲ့အခါမှာလည်း လက်ကိုရေနဲ့ဒီတိုင်းဆေးတာမျိုးမဟုတ်ဘဲ ဆပ်ပြာနဲ့သေချာစွာပွတ်သပ်ပြီး ဆေးကြောဖို့အတွက် လေ့ကျင့်ပေးပါ။
လက်ဖဝါးသာမကဘဲ လက်ကောက်ဝတ်အထိဆပ်ပြာသေချာတိုက်ပြီး လက်ဆေးတတ်အောင်လေ့ကျင့်ပေးပါနော်။ ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
Ref; HM (ကျားလေး)