
သန်းဆိုတာ ဆံပင်ကြားထဲမှာနေထိုင်ပြီး ဦးရေပြားကနေသွေးစုပ်ရှင်သန်တဲ့ ကပ်ပါးပိုး အသေးစားလေးတွေပါ။ သန်းတွယ်တာက အရမ်းကိုအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အထူးသဖြင့် ကလေးလေးတွေမှာပိုဆိုးပါတယ်။ သန်းတွေက ကူးစက်ပြန့်ပွားလွယ်လို့ စိတ်ရှုပ်စရာအရမ်းကောင်းပါတယ်။ ခေါင်းမှာသန်းတွယ်တာက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် အန္တရာယ်တော့မပေးပါဘူး။ သန်းကိုက်ရင် ကလေးရဲ့ဦးရေပြားမှာ ယားယံပြီး ကျိန်းစပ်စပ်ဖြစ်တာကလွဲလို့ ရောဂါပိုးတော့ မသယ်ဆောင်လာနိုင်ပါဘူး။ ဒါပေမယ့် သန်းကိုက်လို့ ဦးရေပြားကို ကုတ်လွန်းရင် ကုတ်ခြစ်ရာတွေကနေ ပိုးဝင်နိုင်တာ သတိထားရပါမယ်။
လူတစ်ယောက်နဲ့တစ်ယောက် သန်းကူးစက်ဖို့ကအရမ်းလွယ်တာကြောင့် ကလေးငယ်လေးကိုမကူးစက်ရအောင် တစ်ယောက်ယောက်ခေါင်းမှာ သန်းတွေ့တာနဲ့ အမြန်ဆုံးကုသဖယ်ရှားတာ အကောင်းဆုံးပါပဲ။

( ၁ ) သန်းစွဲနေတဲ့သူ သုံးစွဲတဲ့ အိပ်ရာခင်း၊ အဝတ်အစားတွေကို ၅၄.၄ဒီဂရီစင်တီဂရိတ် လောက် ပူနေတဲ့ ရေနဲ့ လျှော်ဖွတ်ရပါမယ်။ ရေနဲ့ လျှော်လို့မရတာတွေကို အခြောက်လျှော်ပါ။
( ၂ ) ကော်ဇောတွေနဲ့ ပရိဘောဂပစ္စည်းတွေရဲ့ အစွပ်တွေကို ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပါ။ ဖုန်စုပ်စက်ထဲက အမှိုက်အိတ်ကို လွှင့်ပစ်သင့်ပါတယ်။
( ၃ ) ဆံပင်အလှပြင်ပစ္စည်းတွေကို အရက်ပြန် သို့မဟုတ် ခေါင်းလျှော်ရည်ထဲမှာ ၁နာရီလောက် စိမ်ထားပါ။

( ၄ ) သန်းနဲ့သန်းဥတွေကိုရှာပါ။ တကယ်လို့သင့်ကလေးရဲ့ခေါင်းကခြောက်သွေ့နေချိန်မှာ သန်းနဲ့သန်းဥတွေမတွေ့ဘူးဆိုရင် ရေစိုနေတဲ့အချိန်မှာ ပြန်ရှာပါ။
( ၅ ) ဘီးစိပ်(သန်းချဘီး)ကိုသုံးပါ။ ဘီးစိပ်နဲ့ ဆံပင်အရင်းမှအဖျားထိဖြီးချပါ။ ဦးရေပြားကို သတိထားပါ။ သန်းနဲ့ သန်းဥတွေကို ဘီးမှာတွေ့နိုင်ပါတယ်။

( ၆ ) မိသားစုထဲက လူတိုင်းကို စစ်ဆေးပါ။ သန်းဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ပြန့်ပွားနိုင်ပါတယ်။ ဒါကြောင့် သန်းရှိတဲ့လူတိုင်းကို ကုသပါ။ သင့်ကလေးကို မကုခင် အခြားသော မိသားစုဝင်တွေကိုလည်း စစ်ဆေးပါ။ ရင်းနှီးတဲ့သူငယ်ချင်းတွေကို သန်းရှိ၊မရှိစစ်ခိုင်းပါ။ သန်းရှိတဲ့သူ အသုံးပြုတဲ့ စောင်တွေ၊ အဝတ်အစားတွေ၊ ခေါင်းအုံးတွေနဲ့ အရုပ်တွေကိုလည်း လျှော်ဖွပ်ဆေးကြောပါ။
( ၇ ) ဖျာနဲ့မွေ့ရာတွေဟာ လျော်ဖွပ်လို့မရနိုင်တဲ့အရာတွေဖြစ်တာကြောင့် အိမ်အပြင်မှာ နေပူလှန်းပြီး ရိုက်ခါပေးပါ။ ကလေးတွေရဲ့အရေပြားကို ယားယံစေမယ့် ဖုန်မှုန့်တွေအပြင် သန်းနဲ့ ပိုးမွှားတွေ ကင်းစင်စေမှာဖြစ်ပါတယ်။
ခေါင်းသန်းတွေကတော့ ကလေးငယ်တွေမှာ အဖြစ်အများဆုံးပါပဲ။ သူတို့ဟာ သင့်ကလေးကို ဒုက္ခမပေးပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ သင့်ကလေးခေါင်းမှာ သန်းတွေ့လိုက်ပြီဆိုရင်တော့ သူတို့ကို အလျင်အမြန်ဖယ်ရှားကုသဖို့ လိုပါလိမ့်မယ်။ အဓိကအချက်ကတော့ သန်းတွေဟာ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ကူးလာနိုင်တယ်ဆိုတာပါပဲ။
အကယ်၍ သင့်ကလေးက ၂လ သို့မဟုတ် ၂လအောက် အရွယ်ဖြစ်ရင်
-----------------------------------------------------------------------
သန်းဥနဲ့ သန်းတွေကို လက်နဲ့ ဖယ်ရှားပေးသင့်ပါတယ်။ ပိုပြီးလွယ်ကူအောင် လုပ်မယ်ဆိုရင် သင့်ကလေးရဲ့ ဆံပင်ကို ရေစိုစေပြီးမှ ဘီးစိတ်စိတ်လေးနဲ့ ဖြီးသင်ပေးသင့်ပါတယ်။သန်းစွဲတာကို အမြစ်ပြတ်ပျောက်ကင်းချင်ရင်တော့ ၃ပတ်ဆက်တိုက် အပတ်တိုင်း သန်းဥတွေကို ဖယ်ရှားသင့်ပါတယ်။ ပြီးရင်တော့ သန်းရှိမရှိ သင့်ကလေးရဲ့ ဦးရေပြားကို အနီးကပ် ကြည့်ရှု စစ်ဆေးပေးရပါမယ်။
ကလေးက ၂ လအထက်ဖြစ်ရင်တော့
-------------------------------------------
သန်းစွဲတာ ကုသဖို့အတွက် သင့်ဆရာဝန်က ဆေးပါဝင်တဲ့ shampoo၊ cream rinse သို့မဟုတ် lotion တွေ ညွှန်းတတ်ပါတယ်။ ဒီကုသမှုက သန်းတွေကို သေစေနိုင်ပါတယ်။ဒါပေမယ့် ယားတာပျောက်တဲ့အထိ ရက်အနည်းငယ်လောက် စောင့်ရပါမယ်။ အကယ်၍ ဒီဆေးတွေကို သန်းတွေက ခံနိုင်ရည်ရှိနေတယ်ဆိုရင် သောက်ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ဒါတွေက ပိုးသတ်ဆေးတွေ ဖြစ်တဲ့အတွက် သင့်ကလေးရဲ့ အသက်နဲ့ချိန်ပြီး ဘေးကင်း မကင်း စစ်ဆေးပါ။ ဆေးမှာ ရေးသားထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပါ။
#Ref...ယုစနဒ၁ီနန်းမွန်
#ရှမ်းပုတ်(မိုမိုလေး)