ဖေဖေ၊ မေမေ၊ မိသားစုဝင်တို့ရေ ကိုယ့်ရဲ့ရင်သေွးလေးကို မေွးဖွားပြီး (၄) ပတ်ကြာတဲ့အထိ အောက်ပါအချက်လေးတေွကို သတိထားပြီး စောင့်ကြည့်ဂရုစိုက်ပေးသင့်ပါတယ်။ ဆေးရုံမှာမေွးဖွားတဲ့ရင်သေွးလေးတေွအတွက် ဆေးရုံတေွကမဆင်းမီအချိန်အထိတော့ စောင့်ကြည့်ပြီးဂရုစိုက်ပေးမယ့် ဆရာဝန်၊ ဆရာမတေွရှိတယ်ဆိုပေမယ့် ဆေးရုံဆင်းလို့ အိမ်ပြန်ရောက်ပြီးတဲ့အခါမှာတော့ မိသားစုဝင်တေွက ဂရုစိုက်ပေးရတော့မှာပါ။
- ကလေးအသက်ရှူခက်ခဲရင်
- အသက်ရှူသွင်းစဉ် ရင်ဘတ်အောက် ချိုင့်ဝင်ရင်
- တက်ရင်
- နို့လုံးဝမစို့ရင်
- ဖျားရင် (ဒါမှမဟုတ်) ကိုယ်အေးစက်ရင်
- ချက်ကနေသေွးထွက်ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတေွကို အမြန်ဆုံးပြသဖို့သင့်ပါတယ်နော်။
ရင်သေွးငယ်လေးတေွကို ဖေဖေ၊ မေမေနဲ့ မိသားစုဝင်တေွအားလုံးက သေချာလေးစောင့်ကြည့် ပြုစုသင့်ပါတယ်နော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)