
ကလေးတို့အတွက် ဗဟုသုတလေးတေွ ရစေဖို့ တိရစ္ဆာန်လေးတေွနဲ့ သူတို့ရဲ့စိတ်ဝင်စားဖွယ်ရာ ထူးခြားချက်လေးတေွကို ဖော်ပြပေးမယ်နော်။ စိတ်ဝင်စားဖို့ကောင်းပြီးတော့ ဗဟုသုတလည်း ရစေဖို့ ဘယ်အကောင်လေးတေွက ဘာတေွထူးခြားလဲ ဆိုတာ ဖတ်ကြည့်ပေးပါနော်။

အမြင်အာရုံကောင်းတဲ့ သိုးကလေး
သိုးကလေးတေွဟာ ခေါင်းကို အနောက် မလှည့်ဘဲ သူတို့ရဲ့ ခန္ဓာကိုယ် အနောက်ပိုင်းကို မြင်နိုင်ပါတယ်။ သိုးတစ်ကောင်ဟာ အသက်ကတော့ ၆ နှစ်ကနေ ၁၁ နှစ်အထိ အသက်ရှင်နိုင်ပါတယ်။ သိုးရဲ့အဆီကို တစ်ခါတစ်ရံမှာ ဆပ်ပြာနဲ့ ဖယောင်းတိုင် လုပ်ဖို့ အသုံးပြုကြပါတယ်။

အသွားလည်းနေှး အစားလည်းနေှးတဲ့ စလော့ကောင်လေး
Zootopia ကာတွန်းကားထဲက နေှးနေှး ကေွးကေွးလှုပ်ရှားတတ်တဲ့ စလော့ကောင်လေး တေွကို မှတ်မိကြမယ်ထင်ပါတယ်။ သူတို့ဟာ သွားလာရာမှာလည်း နေှးကေွးရုံသာမက အစာစားရာမှာလည်း နေှးကေွးတဲ့အပြင် သူတို့ရဲ့ အစာအိမ်ဟာ တစ်နပ်စာကို အစာချေနိုင်ဖို့ အတွက် ၂ ပတ်လောက် အချိန်ယူရပါတယ်။

သားပိုက်ကောင်နဲ့ အမျိုးနီးတဲ့ ခိုအားလား
ခိုအားလား ကောင်လေးတေွကို စတင်တေွ့ရှိချိန်တည်းက အခုချိန်အထိ သူ့ကို ၀က်ဝံမျိုးနွယ်လားဆိုပြီး အထင်မှားကြပါတယ်။ ဒါပေမယ့် တကယ်တမ်းက ခိုအားလား ကောင်လေးတေွဟာ သားပိုက်ကောင်မျိုးနွယ်နဲ့ နီးစပ်တူညီပါတယ်။ သူတို့မှာလည်း သားပိုက်ကောင်တေွလိုပဲ ကလေးထည့်ထားဖို့ အိတ်လေး ပါ၀င်ပါတယ်။ ဒါပေမယ့့် သူတို့က သားပိုက်ကောင်တေွလို အပေါ်ဘက်ကို မပွင့်ဘဲ အောက်ဘက်ကနေ အပြင်ကို ပွင့်နေတဲ့ အိတ်ဖြစ်ပါတယ်။ အာ့အိတ်လေးတေွထဲမှာ ခိုအားလားငယ်လေးတေွကို ထည့်ထားပါတယ်။ ပြုတ်မကျအောင်တော့ ခိုအားလား မေမေကြီးတေွက သူတို့ ကြွက်သားတေွနဲ့ ထိန်းထားပါတယ်။

အစားပုတ်တဲ့ ပန်ဒါလေးတေွ
ပန်ဒါလေးတေွဟာ အစားပုပ်လေးတေွ ဖြစ်ပါတယ်။ သူတို့ရဲ့ဗိုက်ကို ပြည့်စေဖို့ တစ်နေ့ကို ၁၂နာရီနဲ့ အထက် အချိန်ယူပြီး ဖြည့်ကြရပါတယ်။ သူတို့ရဲ့ ၉၉ ရာခိုင်နှုန်းသော အစားအစာက ၀ါး ဖြစ်ပါတယ်.။ ၀ါးရွက် နုနုလေးတေွကို ပိုပြီးတော့ ကြိုက်ကြပါတယ်။
Ref;မေ့ရင်သေွး
#NW