စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်တွေ သောက်ဖို့ မသင့်တော်တဲ့ ဖြည့်စွက်အားဆေးတွေက ဘာတွေလဲ

Posted by Ni Ni January 12, 2021
Fc0tgwqwpailkvjiv3ga

ဖြည့်စွက်အာဆေးတိုင်း ကောင်းတာမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မဖြစ်မနေ သောက်ပေးဖို့လိုတဲ့ ဖြည့်စွက်အားဆေးတွေရှိတယ်ဆိုပေမယ့် တချို့ မသောက်သင့်တဲ့ အားဆေးတွေလည်းရှိပါတယ်။ တော်ကြာ အားဆေးသောက်တိုင်း ကောင်းတယ်ဆိုပြီး ကိုယ်ဝန်ဆောင်ချိန် များမနေသင့်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ သောက်မိရင် ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိဆိုသလိုမျိုး ကိုယ်ဝန်အတွက် အကျိုးမပေးတဲ့အပြင် ဆိုးကျိုးဖြစ်စေသလိုမျိုးတောင်ဖြစ်သွားနိုင်တာကြောင့်ပါ။ ဒါ့ကြောင့် ဘယ်လို ဖြည့်စွက်အားဆေးတွေကို ကိုယ်ဝန်ဆောင်ကာလမှာ ရှောင်ဖို့လိုအပ်လဲ ။

D5h4wdfycae8yfyb0ybt

( ၁ ) ဗီတာမင် A
--------------------

ရင်သွေးလေးရဲ့ အမြင်အာရုံနဲ့ ခုခံအားစနစ် ဖွံ့ဖြိုးဖို့အတွက် ဗီတာမင် A လိုအပ်တယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ မိခင်ရောကလေးကိုပါ ထိခိုက်စေမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဗီတာမင် Aဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် တစ်ခုဖြစ်တာကြောင့် သွေးတွင်းမှာ ပိုလျှံနေရင် အသည်းက သိမ်းထားပေးတတ်ပြီး အများကြီးစုလာတဲ့အခါ အသည်းကိုထိခိုက်တာ၊ အဆိပ်သင့်တာနဲ့ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေရှိစေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေမှာပါတဲ့ ဗီတာမင် A နဲ့တင်လုံလောက်တာကြောင့် ဗီတာမင်A သီးသန့် အားဆေး ထပ်သောက်စရာ မလိုပါဘူး။

( ၂ ) ဗီတာမင် E
------------------

မျိုးရိုးဗီဇ နဲ့ ခုခံအားစနစ်အတွက် လိုအပ်တဲ့ ဗီတာမင် E ဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်ဖြစ်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေ မသောက်မိဖို့တော့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗီတာမင် E ဟာ ရေမွှာရည်ကို စောပေါက်စေပြီး ဗိုက်နာစေလို့ နေ့မစေ့ဘဲ ကလေးမွေးခြင်းကို ဖြစ်စေနိုင်ပါတယ်။

P7auolj40cridprvbbob

( ၃ ) Black Cohosh
------------------------

Buttercup မျိုးနွယ်တစ်ခုဖြစ်တဲ့ ဒီ black cohosh အပင်လေးဟာ ဓမ္မတာ ပေါ်ချိန်ခံစားရတဲ့ဝေဒနာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ကိုယ်ခန္ဓာပူရှိန်းရှိန်းဖြစ်တာတွေကို သက်သာစေတဲ့ အပင်တစ်ခုပါ။ ဒါပေမယ့် နေ့မစေ့ဘဲ မီးဖွားခြင်းဖြစ်စေတဲ့အတွက်ကြောင့် ကိုယ်ဝန်သည်တွေ မသုံးသင့်တဲ့ အပင်တစ်ခုပါ။

( ၄ ) Goldenseal
----------------------

သာမန် အချိန်မှာဆို ဝမ်းလျှောခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်တယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ berberine က ကလေးတွေရဲ့ အသားဝါခြင်း ပြဿနာကို ဆိုးဝါးစေပြီး ကလေးရဲ့ ဦးနှောက်နဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေတာကြောင့် ကိုယ်ဝန်သည်တွေ Goldensea ပါတဲ့ဖြည့်စွက်စာတွေ စားဖို့မသင့်တော်ပါ။

Wjvongxpbjfr83clcgvp

( ၅ ) Dong quai
-------------------

Dong quai ဆိုတာ တရုတ်ရိုးရာ တိုင်းရင်းဆေး အမြစ်တစ်မျိုးဖြစ်ပြီး ဓမ္မတာကြောင့် ကိုက်ခဲတာက စလို့ သွေးတိုး ရောဂါတွေကိုပါ သက်သာစေတဲ့ ဆေးတစ်မျိုးပါ။ ဒါ့အပြင် Dong quai က သားအိမ်ကျုံ့နိုင်အားကို အားပေးတဲ့အတွက်ကြောင့် ကလေးပျက်ကျစေတတ်ပါတယ်။

( ၆ ) Yohimbe
-------------------

အာဖရိကန် အပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ပင်စည်ကနေ ထုတ်ထားတဲ့ Yohimbe တိုင်းရင်းဆေးဟာ ပန်းသေခြင်းနဲ့ အဝလွန်ခြင်းကို ကုသတဲ့ဆေးတစ်မျိုးပါ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတိုး၊ နှလုံးရောဂါနဲ့ အတက်ရောဂါတို့ကို ဖြစ်စေတာကြောင့် ကိုယ်ဝန်သည်တို့ ထိပ်ဆုံးက ရှောင်သင့်တဲ့ တိုင်းရင်းဆေး တစ်မျိုးပါ။

( ၇ ) ကိုယ်ဝန်ဆောင်တွေ လုံးဝမသုံးသင့်တဲ့ တိုင်းရင်းဆေးတွေကတော့
--------------------------------------------------------------------------

Saw palmetto – ဆေးထန်းပင်
Tansy
Red clover
Angelica
Yarrow
Wormwood
Blue Cohosh
Pennyroyal
Ephedra
Mugwort တို့ပဲ ဖြစ်ပါတယ်။
အချုပ်အနေနဲ့ ဆိုရရင် ကိုယ်ဝန်ဆောင်တဲ့အချိန်ဆိုတာ ဆေးတွေကို တွေ့ကရာလျှောက်သောက်ဖို့ မသင့်တဲ့ ကာလတစ်ခုပါ။ ဒါ့ကြောင့် ဘယ်လိုဆေးပဲ သောက်ချင်သောက်ချင် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဖို့ကိုတော့ မမေ့သင့်ပါဘူး။
#Ref....တင္ရတနာ
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.