စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်နေချိန်မှာ ဘယ်အသီးတွေစားလို့ ဘယ်အသီးတွေရှောင်ရမလဲ

Posted by Ni Ni January 6, 2021
Txqqu4heqxeisu7rtqmb

ကိုယ်ဝန်ဆောင်နေချိန်မှာ ဘာစားစားခံတွင်းမတွေ့ဘူး သစ်သီးတွေပဲ စားချင်နေတယ်၊ စားလို့ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေလား။ ဒါဆိုရင်တော့ တူတူဆက်ကြည့်ရအောင်နော်။ဒီအသီးတွေရှောင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ဗိုက်ထဲကဘေဘီလေးကျန်းမာစေဖို့ဆိုရင်မေမေတို့အနေနဲ့ ဒါတွေမစားသင့်ပါဘူး။

Hedvdaj0axt7udseuso8

( ၁ ) နာနတ်သီး
--------------------

ကိုယ်ဝန်ဆောင်မေမေတွေ မဖြစ်မနေရှောင်သင့်တဲ့ အသီးတစ်မျိုးပါ။ သားအိမ်ကြွက်သားကျုံ့ဆန့်မှုကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျတဲ့အထိဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မေမေတွေမစားသင့်ပါဘူး။နောက်တစ်ချက်က နာနတ်သီးမှာbromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် သားအိမ်ကျုံ့ဆန့်မှုကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေလုံးဝမစားသင့်ပါဘူး။

( ၂ ) သင်္ဘောသီး
----------------------

ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတို့အတွက်တော့ မသင့်တော်ပါဘူး။ ခန္ဓါကိုယ်အပူချိန်ကို တိုးစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေစားသုံးဖို့ မသင့်တော်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ အစေးက သားအိမ်ကြွက်သားတွေကို ကျုံ့ဆန့်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျစေနိုင်သလို သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ သင်္ဘောသီးစိမ်းရော၊ အမှည့်ကိုပါ မစားသင့်ပါဘူး။

( ၃ ) စပျစ်သီး
-----------------

ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင်စပျစ်သီးကိုရော ခရမ်းရောင် စပျစ်သီးကိုပါ မစားသင့်ပါဘူး။ ဒါ့အပြင် စပျစ်ဝိုင်ကိုလည်း မသောက်သင့်ပါဘူး။ စပျစ်သီးမှာပါတဲ့ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့resveratrolဒြပ်ပေါင်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ အဆိပ်အတောက်ပါ။ စပျစ်သီးရဲ့ အသားက အစာကြေဖို့ခက်သလို အက်ဆစ်ပါဝင်မှုလည်းများတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေကို ကိုယ်ဝန်ဆောင်ကာလပျို့အန်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။

Iqnsk6lviznzz9uhzdjn

( ၄ ) မန်ကျည်းသီး
----------------------

မန်ကျည်းသီးက ဗီတာမင် C ကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေကတော့ မစားသင့်ပါဘူး။ ဗီတာမင် C ကြွယ်ဝမှုက သာမန်ချိန်မှာကောင်းပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေမှာတော့ ဗီတာမင် C လိုတာထက်များနေတာ ကိုယ်တွင်းမှာprogesteroneဟော်မုန်းထုတ်လအတ်မှုကိုကျဆင်းစေပြီး ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲကလေးမွေးတာ၊ သန္ဓေသားဆဲလ်တွေကို ထိခိုက်ပျက်စီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မန်ကျည်းသီးစိမ်းရော အမှည့်ကိုပါမစားရင်အကောင်းဆုံးပါ။

( ၅ ) ဖရဲသီး
-----------------

ဖရသီးက ပုံမှန်အားဖြင့်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးတာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ ဖရဲသီးစားမယ်ဆိုရင်ဘေဘီလေးကို အဆိပ်အတောက်တွေနဲ့ ထိတွေ့မိနိုင်ခြေပိုများသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ထားရချိန်မှာ ဖရဲသီးမစားပါနဲ့။

Rkip0ifezmiacjdbl7xr

ဒီအသီးတွေစားပေးပါ
--------------------------

ကိုယ်ဝန်ဆောင်မေမေတွေ စိတ်ကြိုက်စားလို့ရတဲ့ အသီးတွေက

( ၁ ) လိမ္မော်သီး
------------------

ရေဓါတ်ပြည့်ဝနေစေမှာပါ။ဖောလိတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် C ပါဝင်နေတာကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးပါတယ်။ သံဓါတ်စုပ်ယူမှုလည်းကောင်းစေနိုင်ပါတယ်။

( ၂ ) ပန်းသီး
------------------

ရင်သွေးလေးရဲ့ ကိုယ်ခံအားကိုတိုးစေနိုင်ပြီးဘေဘီလေးသန်မာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီးမှာ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် D နဲ့ ဇင့်တို့ပါဝင်နေတာကြောင့်မေမေရော ကလေးကိုပါကျန်းမာစေနိုင်မှာပါ။

( ၃ ) ပန်းသစ်တော်သီး
--------------------------

ဖောလစ်အက်ဆစ်နဲ့ဗီတာမင် C ကြွယ်ဝတာကြောင့်မေမေရောဘေဘီလေးကိုပါကျန်းမာစေနိုင်ပါတယ်။

( ၄ ) သြဇာသီး
------------------

သြဇာသီးမှာဘေဘီလေးရဲ့ မျက်လုံး၊ ဆံပင်။ အရေပြားနဲ့ ခန္ဓါကိုယ်တစ်ရှုးတွေကို ကြီးထွားစေနိုင်ဖို့လိုအပ်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။

Yinx2vwp2l1cwhvdpcvx

( ၅ ) သလဲသီး
------------------

ကယ်လ်ဆီယမ်၊ဖောလိတ်၊ သံဓါတ်၊ ပရိုတင်း၊ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။

( ၆ )ထောပတ်သီး
-----------------------

အခြားသစ်သီးတွေထက်ဖောလိတ်ပိုမိုကြွယ်ဝတဲ့ အသီးတစ်မျိုးပေါ့။ထောပတ်သီးမှာ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ အမျှင်ဓါတ်၊ ကိုလင်း၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေသလို သံဓါတ်လည်းကြွယ်ဝစွာပါဝင်နေတာကြောင့်ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ဘေဘီလေးကို မှတ်ဉာဏ်ကောင်းစေမှာ အသေအချာပါ။

( ၇ ) သရက်သီး
-------------------

သရက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကိုကာကွယ်ပေးပါတယ်။ရောဂါပိုးတွေ ကူးစက်ခံရမှုကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

( ၈ ) စတော်ဘယ်ရီ
------------------------

ဗီတာမင်၊အမျှင်ဓါတ်နဲ့ဖောလိတ်တို့ကြွယ်ဝစွာပါဝင်နေသလို မဂ္ဂနိနဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝတာကြောင့်ဘေဘီလေးကို အရိုးတွေကြံ့ခိုင်ဖွ့ဖြိုးစေနိုင်မှာပါ။
#Ref....အေးသီရီမွန်
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.