စျေး မီဒီယာ
မမွေးဖွားမှီ

ကလေးကို ဗိုက်ခွဲမွေးဖို့ချည်း စဉ်းစားနေမယ်ဆို ဒါတွေ သိထားသင့်ပါတယ္

Posted by Ni Ni December 29, 2020
Ybip6hqmuikxcki0t3fw

မိန်းကလေးတွေအနေနဲ့ ဗိုက်ခွဲကလေးမွေးတာကို ထပ်ခါထပ်ခါရွေးချယ်ဖို့ သင့်တော်ရဲ့လား၊ ၂ ကြိမ်၊ ၃ ကြိမ်လောက် ဗိုက်ခွဲမွေးရင် ဘာတွေဖြစ်လာနိုင်လဲ၊ ဘာတွေဂရုစိုက်ဖို့လိုအပ်သလဲ စတဲ့သိသင့်တဲ့အချက် လေးတွေကို ဖြေကြားပေးသွားပါ့မယ်။ကလေးမွေးမယ်ဆို မိန်းမကိုယ်ကနေ ရိုးရိုးမွေးဖွားခြင်း (Normal Labour) နဲ့ ဗိုက်ခွဲကလေးမွေးဖွားခြင်း (C-section) ဆိုပြီး ရွေးချယ်စရာနည်းလမ်း (၂) မျိုးပဲရှိပါတယ်။ တစ်ခုချင်းစီမှာ သူ့အားသာချက်၊ အားနည်းချက် ကိုယ်စီရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကြိမ်ဗိုက်ခွဲမွေးခဲ့ဖူးပြီး နောက်ကိုယ်ဝန်တွေမှာလည်း ဗိုက်ခွဲမွေးဖို့စဉ်းစားထားတဲ့ မိခင်လောင်းတွေ အမေးများတဲ့မေးခွန်းလေးတွေကို ပြောပြချင်ပါတယ်။

J6x4riunwfki5xwmrsgy

၁။ ခဏခဏ ဗိုက်ခွဲမွေးတာသင့်တော်ရဲ့လား
----------------------------------------------

အခုချိန်ထိ မိန်းကလေးတစ်ယောက်ဟာ အကြိမ်ရေ ဘယ်လောက်ပဲ ဗိုက်ခွဲမွေးသင့်တယ်ဆိုပြီး အကြံပြုထားတာမျိုးမရှိသေး ပါဘူး။ ဒါပေမဲ့ဗိုက်ခွဲမွေးတဲ့အကြိမ်ရေများလာလေ မိခင်နဲ့ကလေးအတွက်ပိုပြီး အန္တရာယ်များလာလေ ဆိုတာ တော့သေချာပါတယ်။ ဥပမာ (၂) ကြိမ်ဗိုက်ခွဲမွေးဖူးတဲ့သူထက် (၄) ကြိမ်မြောက်ဗိုက်ခွဲမွေးဖွားတဲ့သူမှာ အချင်းပြဿနာပေါ်တာ၊ သားအိမ်ထိခိုက်မိတာ၊ အမာရွတ်ဖြစ်တာတွေ ပိုဖြစ်နိုင်တာကိုတွေ့ရပါတယ်။

၂။ ဗိုက်ခွဲမွေးတာအကြိမ်ရေများလာရင် ဘယ်လိုပြဿနာတွေကြုံရနိုင်လဲ
---------------------------------------------------------------------------

ကလေးကိုဗိုက်ခွဲမွေးတယ်ဆိုတာလွယ်ကူတဲ့ခွဲစိတ်မှုတစ်ခုမဟုတ်ပါဘူး။ ခွဲစိတ်တုန်းတစ်ခုခုလွဲချော်ခဲ့ရင် မိခင်ရောကလေးပါအသက်ဆုံးရှုံးနိုင်ပါတယ်။ သတိကြီးကြီးထားရတဲ့ဒီလိုခွဲစိတ်မှုမျိုးကို ထပ်ခါထပ်ခါပြုလုပ် ရရင်ဘယ်လောက်အန္တရာယ်များမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။ ခွဲစိတ်မှုလုပ်ချိန်မှာ သွေးထွက်များခြင်း၊ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းစနစ်မတော်တဆထိခိုက်သွားခြင်း လိုပြဿနာတွေဖြစ်နိုင်ပါတယ်။ဗိုက်ခွဲမွေးတဲ့ အကြိမ်ရေများလာလေ အချင်းကွာခြင်း၊ မွေးလမ်းကြောင်းအချင်းပိတ်ခြင်း၊ အချင်းကျွံခြင်းတွေပိုကြုံရနိုင်ပြီး ဒီပြဿနာတွေက ကလေးစောမွေးခြင်း၊သွေးအလွန်အကျွံထွက်ခြင်း၊ သားအိမ်ထုတ်ပစ်ခြင်း လိုအခြေအနေ တွေအထိဆိုးရွားသွားနိုင်ပါတယ်။နောက်ပြီး ပထမခွဲစိတ်မှုကကျန်ခဲ့တဲ့အမာရွတ်တွေကြောင့် နောက်ပိုင်း ခွဲစိတ်မှုကိုပိုခက်ခဲစေပါတယ်။

Pmp4yokpirdhndld3z8x

၃။ နောက်ပိုင်းကိုယ်ဝန်တွေမှာလည်း ဗိုက်ခွဲမွေးဖို့ပဲ စိတ်ကူးထားရင် ဘယ်လိုလုပ်ရမလဲ
------------------------------------------------------------------------------------------

အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ကခွဲမွေးဖို့ပဲရွေးချယ်ထားကြောင်း ဗိုက်အပ်ချိန်တည်းကဆရာဝန်ကို ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြည့်ပါ။ ဒီတော့မှဆရာဝန်ကလူနာအခြေအနေနဲ့ ကိုယ်ဝန်အနေအထားကို သေချာစမ်းသပ်ကြည့်ရှုပြီး ဗိုက်ခွဲမွေးဖို့ အဆင်ပြေနိုင်/ မပြေနိုင် အကြံပေးနိုင်မှာဖြစ်ပါတယ်။ သေချာကြိုတင် စီစဉ်ထားနိုင်လေ မိခင်နဲ့ကလေးအတွက်ပိုဘေးကင်းလေပါပဲ။

၄။ တစ်ကြိမ် ဗိုက်ခွဲမွေးပြီးရင် နောက်ကိုယ်ဝန်တွေကို ရိုးရိုးမွေးလို့ရသလား
-----------------------------------------------------------------------------

ယေဘူယျအားဖြင့်တော့ရပါတယ်။ ရိုးရိုးမွေးဖွားမှုက ခွဲစိတ်မှုရဲ့ဘေးထွက်အန္တရာယ်တွေမခံစားရတဲ့အတွက် မိခင်လည်းမြန်မြန်ပြန်သက်သာလာနိုင်ပါတယ်။ ရိုးရိုးမွေးနေတုန်း ကလေးမှာအသက်ရှုကျပ်တဲ့လက္ခဏာတွေ ပေါ်လာရင်တော့ အရေးပေါ်ခွဲစိတ်မွေးဖွားမှုပြန်လုပ်ရနိုင်ပါတယ်။

Aarg994u5rfm2wtcaz6d

၅။ အဲဒါဆို ဘယ်နည်းနဲ့မွေးရင် အကောင်းဆုံးဖြစ်မလဲ
--------------------------------------------------------

ဒါကတော့ မိခင်ဖြစ်သူရဲ့ကျန်းမာရေး၊ ရွေးချယ်မှုနဲ့ယူမဲ့ကလေးအရေအတွက်တွေပေါ်လည်း မူတည်ပါတယ်။ ကလေး (၁) ယောက်၊ (၂) ယောက်ပဲမွေးမယ်စိတ်ကူးထားရင်တော့ ရိုးရိုးပဲမွေးမွေး၊ ခွဲစိတ်ပဲမွေးမွေး အဆင်ပြေပါတယ်။ ကလေး (၃) နဲ့အထက်ယူဖို့စဉ်းစားထားတယ်ဆိုရင် ရိုးရိုးမွေးဖွားနည်းကိုရွေးချယ်သွားတာ ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ကိုယ်ကရိုးရိုးမွေးဖို့ကြောက်တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။ ဘယ်လိုနည်းနဲ့ပဲမွေးမွေး ကိုယ်ဝန်ကိုသေချာဂရုစိုက်နိုင်လေ မိခင်နဲ့ကလေးအတွက်အန္တရာယ်ကင်းလေဆိုတာ မမေ့ပါနဲ့။ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ခွဲစိတ်မွေးဖွားဖို့အစကတည်းက ကြိုတင်စီစဉ်ထားနိုင်ရင် မိခင်ရော ကလေးရောအတွက်ပိုအန္တရာယ်ကင်းပါတယ်။ မိခင်မှာ နဂိုကတည်းက နှလုံးရောဂါလိုနာတာရှည်ရောဂါတစ်ခုခု ရှိနေမယ်ဆို family planning ဘယ်လိုလုပ်မလဲသေချာစဉ်းစားပါ။ ကလေးမွေးခြင်းက နှလုံးအတွက်ပိုဒဏ်ဖြစ်စေတဲ့ အတွက်လက်ထပ်ချိန်တည်းက ကျန်းမာရေးစစ်ဆေးမှုသေချာလုပ်ပါ၊ ကလေးယူမယူနဲ့ ယူမယ်ဆိုလည်း ဘယ်လိုမွေးဖွားမလဲဆိုတာတွေကိုပါ အသေးစိတ်စီစဉ်ဖို့လိုအပ်ပါတယ်။

၆။ ဗိုက်ခွဲမွေးပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ပြန်ဆောင်နိုင်သလဲ
----------------------------------------------------------------------

အကောင်းဆုံးကတော့ ကလေးမွေးပြီး အနည်းဆုံး ၆ ပတ်ကြာမှလိင်ပြန်ဆက်ဆံပါ။ မွေးလမ်းကြောင်းနဲ့ သားအိမ်ကြွက်သားတွေနဂိုအတိုင်းပြန်ဖြစ်ပြီး ခွဲစိတ်မွေးဖွားတုန်းကရတဲ့အမာရွတ်တွေလည်းလုံးဝသက်သာ သွားမှအမျိုးသားနဲ့ပြန်နေတာအသင့်တော်ဆုံးဖြစ်မှာပါ။ကလေးယူဖို့ကိုလည်းသိပ်မလောစေချင်ပါဘူး။ ကလေးမွေးပြီး အနည်းဆုံး ၆ လကနေ တစ်နှစ်ခွဲလောက်ကြာမှ ကလေးပြန်ယူရင် ကျန်းမာရေးအတွက်လည်း စိတ်ချရသလို အချိန်လုံလုံလောက်လောက်သားဆက်ခြားပြီးလည်းဖြစ်သွားနိုင်ပါတယ်။ ဒီထက်အချိန်ကြာကြာ စောင့်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။
#Ref...ဒေါက်တာ သီဟဖြိုးမြင့်
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.