စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား?

Posted by May Thaw Htoo June 12, 2022
Djdgrbbn20ch0kvnexj2

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ဆရာဝန်တွေကတော့ ကိုယ်ဝန်ဆောင်နေတဲ့ ကာလတစ်လျှောက်လုံးကို မိခင်တွေ Skin Care မလုပ်ဖို့ မှာတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်နေတဲ့အချိန် မိန်းကလေးတွေဟာ မဟော်မုန်းတွေ အများအပြား ထွက်နေတဲ့အချိန်ဖြစ်လို့ Skin Care တွေ သုံးစရာတောင်မလိုဘဲ အလိုလို ဝင်းပပြီးသားဖြစ်တယ်။ ပြောရမယ်ဆိုရင် မျက်နှာလေးက ကြည်ဝင်းပြီး လှသွေးကြွယ်နေတဲ့ ကာလလေးတစ်ခုပေါ့။ဒါ့အပြင် Skin Care ပစ္စည်းအများစုမှာ အသားဖြူစေတဲ့ ဓာတ်သတ္တုအပြင်းစားတွေ ပါဝင်တဲ့အတွက် လိမ်းလိုက်တဲ့အခါ ချွေးပေါက်ကနေတစ်ဆင့် အရေပြားအတွင်းထဲထိ စိမ့်ဝင်သွားမယ်။ ဗိုက်ထဲက သန္ဓေသားတည်ရှိရာ သားအိမ်ဟာ အရေပြားနဲ့ အလွန်နီးကပ်တဲ့ နေရာမှာတည်ရှိနေတဲ့အတွက် ကိုယ်လိမ်းလိုက်တဲ့ ဓာတ်ပစ္စည်းတွေဟာ သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို သွားပြီးဒုက္ခပေးသလို မွေးလာတဲ့အခါမှာလည်း ချို့ယွင်းချက်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။

Skin Care တွေကို လုံးဝရှောင်ရမှာလား
-------------------------------------------

အကောင်းဆုံးကတော့ လုံးဝမသုံးဘဲ ရှောင်ပေးတာပဲပေါ့။ အကယ်လို့ ကိုယ်က အလှအပကို အလွန်အမင်း ဦးစားပေးတတ်တဲ့သူဆိုရင်လည်း အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ့်အတွက် သင့်လျော်တဲ့ Skin Care ပစ္စည်းတွေ ညွှန်းခိုင်းတာ၊ ကိုယ်သုံးနေကျ ပစ္စည်းတွေကို ဆရာဝန်နဲ့ ပြကြည့်ပြီး ဆက်သုံးဖို့ သင့်မသင့်ကို အကြံတောင်းပါ။

Neoexjxg6xrea4ilrb2b

၁။ Retinol, Retin-A, Retinyl Palmitate
-----------------------------------------------

ဒီ Ingredients တွေက ဗီတာမင် အေ အခွဲ ဓာတ်သတ္တုပစ္စည်းဖြစ်ပြီး သူ့ရဲ့အဓိက ကောင်းကျိုးတွေက အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးလို့ အရွယ်တင်နုပျိုစေတယ်ပေါ့နော်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်မှာ Retinol ခရင်မ်တွေလိမ်းရင် ကလေးက ကောင်းကောင်းမဖွံ့ဖြိုးတာ၊ ဉာဏ်ရည်မမှီတာမျိုး ဖြစ်တတ်တယ်။

၂။ Tazroac, Accutane
---------------------------

ဝက်ခြံပျောက်ဖို့အတွက် သုံးတဲ့လိမ်းဆေးတချို့မှာ ဒီဓာတ်ပစ္စည်းတွေ ပါတတ်တယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ကိုယ်တိုင်ကလည်း ဒီ Ingredient တွေပါဝင်တဲ့ လိမ်းဆေးတွေကို ဆရာဝန်ဆေးစာမပါဘဲ အသုံးမပြုဖို့၊ ကိုယ်ဝန်ဆောင်နေချိန်မှာ အသုံးပြုရင် မွေးလာတဲ့ကလေး ကိုယ်လက်အင်္ဂါ ချို့ယွင်းတာမျိုးတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားဖူးပါတယ်။

၃။ Benzoyl Peroxide, Salicylic Acid
---------------------------------------------
ဒီ Ingredients တွေသည်လည်း ဝက်ခြံလိမ်းဆေးတွေမှာ ပါတတ်ပါတယ်။ ပုံမှန်အချိန်မှာ သုံးတာကတော့ သိပ်ပြီးပြဿနာမရှိပေမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက်တော့ လုံးဝကို ရှောင်သင့်ပါတယ်။

Ulxewptgufriorz6mo2a

၄။ Essential Oil
---------------------

Essential Oil ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရေပြားကျန်းမာရေးအတွက် အသုံးပြုတဲ့ ဆီသန့်ပေါ့နော်။ စားတဲ့ဆီမဟုတ်ဘဲနဲ့ သစ်သီး၊ သစ်ဥသစ်ဖုတွေ၊ အမြစ်တွေ၊ ပန်းပွင့်တွေ၊ အစေ့အဆန်ကနေ ထုတ်ထားတဲ့ ဆီသန့်ပါ။ ပုံမှန်အချိန်မှာ အသုံးပြုပေးရင် အသားအရေကို ဖြူဖွေးချောမွေ့လာစေသလို ဒီ Essential Oil တွေနဲ့ နှိပ်နယ်ပေးရင် အညောင်းအညာပြေပြီး စိတ်ကိုကြည်လင်စေတယ်လို့ ပြောကြတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ သုံးရင် ဗိုက်ထဲက ကလေးကိုတင်မကဘဲ ကိုယ်ဝန်ဆောင်မိခင်တွေပါ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေ အမြဲတွေ့ရတယ်။

၅။ Hydroquinone
-----------------------

တင်းတိပ်ပျောက်ဖို့၊ အသားကြည်စေဖို့ လိမ်းဆေးတွေမှာ Hydroquinone ပါပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် တင်းတိပ်တွေ ထွက်လာတတ်တယ်ဆိုပေမယ့် တင်းတိပ်သည် ကျန်းမာရေးကို ထိခိုက်စေလောက်တဲ့ အရေပြားပြဿနာမဟုတ်ပါဘူး။ တချို့မိန်းကလေးတွေဆိုရင် မီးဖွားပြီးနောက်ပိုင်းမှာ ကုသမှုမခံယူဘဲ တင်းတိပ်တွေ အလိုလိုပျောက်သွားတယ်လို့လည်း ကြားမိတယ်။ ဒီတော့ တင်းတိပ်တွေ ထွက်လာလို့ စိတ်ညစ်နေရတယ်ဆိုရင်လည်း ဗိုက်ထဲက သားသားမီးမီးလေးကို မွေးပြီးသွားမှပဲ မေမေတွေ Skin Care အပိုင်းကို ပြန်ဂရုစိုက်ဖို့တော့ ထပ်ပြီး မှာချင်ပါတယ်။

Ziqxd2sjk3l50kqxqvl4

၆။ Aluminum Choloride
------------------------------

ရေမွှေးတွေ၊ ချွေးနံ့ပျောက်ဆေးတွေမှာ အသုံးများတဲ့ ပါဝင်ပစ္စည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းချုပ်ပေးတဲ့ ဓာတုဗေဒပစ္စည်း အပြင်းစားဖြစ်လို့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရှောင်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၇။ Formaldehyde
-----------------------

လက်သည်းဖျက်ဆေးတွေ၊ တချို့ဆံသားနဲ့ ပတ်သက်တဲ့ ပေါင်းဆေး၊ ဆိုးဆေးတွေမှာ အသုံးများတဲ့ ဓာတ်သတ္တုပစ္စည်းပါ။ ဒီပါဝင်ပစ္စည်းက မိခင်ရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေသလို ကလေးကိုယ်ဝန်ပျက်ကျတဲ့အထိပါ အန္တရာယ်ကြီးတယ်လို့ ထုတ်ပြန်ထားတာကို တွေ့ဖူးပါတယ်။

၈။ Oxybenzone, Avobenzone
-------------------------------------
ဒီ ဓာတ်သတ္တု ၂ မျိုးလုံးကို နေလောင်ကာခရင်မ်တွေမှာ တွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေတုန်း အသုံးပြုမိရင် ကလေးရဲ့ ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေတတ်တဲ့အတွက် အပြင်ကို မဖြစ်မနေထွက်ရမယ့် အချိန်မျိုးမှာ အဝတ်အစား လက်ရှည်ဝတ်တာ၊ ဦးထုပ်၊ ထီးဆောင်းပေးတာ၊ နေရိပ်တဲ့နေရာကနေ သွားတာမျိုးလောက်ပဲ လုပ်စေချင်ပါတယ်နော်။

Amexurcbjacdu35izdf5

၉။ Tetracycline, Doxycycline, Minocycline
-----------------------------------------------------

အရေပြားပြဿနာတွေကို ကုသတဲ့ လိမ်းဆေးတွေမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန် အရေပြားပြဿနာကြောင့် ကုသမှုခံယူရတော့မယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်ဆောင်နေတဲ့အကြောင်းကို ဆရာဝန်ကို သေချာပြောပြပြီး ဒီ Ingredient တွေမပါဝင်တဲ့ ဆေးကို ညွှန်းပေးဖို့ ပြောကြည့်ပါနော်။

၁၀။ Dihydroxyacetone
------------------------------

မြန်မာလူမျိုးတွေတော့ သိပ်ပြီးသုံးလေ့မရှိဘူးပေါ့နော်။ အနောက်နိုင်ငံသား လူဖြူတွေ ကမ်းခြေသွားရင် ညိုညက်ညက် နေလောင်အသားအရေလို့ခေါ်တဲ့ Tanned Skin မျိုးဖြစ်အောင် ဖျန်းလိမ်းတဲ့ စပရေး တစ်မျိုးပါ။ အဲ့လို စပရေး အမျိုးအစားတွေမှာ Dihydroxyacetone ဓာတ်သတ္တုတွေ ပါဝင်နေတတ်ပါတယ်။ အရေပြားမှာ လိမ်းလို့ ပြဿနာသိပ်မရှိပေမဲ့ စပရေးအမျိုးအစားဖြစ်တဲ့အတွက် မတော်တဆ အမှုန်အမွှားတွေကနေ ရှူမိရင် အဆိပ်အတောက်ဖြစ်စေပြီး ဗိုက်ထဲက ကလေးကို ဒုက္ခပေးနိုင်ပါတယ်။အလှအပကိုလည်း ဂရုစိုက်ရင်း ဗိုက်ထဲက ရင်သွေးလေး ကျန်းမာရေးကို မထိခိုက်စေဖို့ ခုပြောပြခဲ့တဲ့ ဓာတ်သတ္တုတွေပါတဲ့ အလှကုန်ပစ္စည်းကို ရှောင်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.