
ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။ငုံဥကျွေးတဲ့အခါ ဘေဘီလေးကို အကာစကျွေးပေးပါ။ နည်းနည်းချင်းစီ စကျွေးပြီး ဘေဘီလေးနဲ့ တည့်တယ်၊ ဓာတ်မတည့်တဲ့ လက္ခဏာလည်း မပြဘူးဆိုရင် အနှစ်ရော အကာပါ စိတ်ချလက်ချ ကျွေးလို့ရပါပြီ။

ငုံးဥက ဘေဘီလေးအတွက် အာဟာရဖြစ်ရဲ့လား
-------------------------------------------------
ငုံးဥက ဘေဘီလေးအတွက် အာဟာရ ဖြစ်ရဲ့လားဆိုတော့ သိပ်ဖြစ်တာပေါ့။ ငုံးဥမှာ အကျိုးပြု အဆီဓာတ်တွေ၊ ပရိုတင်း၊ သံဓာတ်၊ ဇင့်ဓာတ် တို့လိုမျိုး ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ငုံဥ အနှစ်မှာဆိုရင် ဗီတာမင် B အုပ်စု၊ ဗီတာမင် D တွေ ပါဝင်နေပြီး အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။သတိထားရမယ့် တစ်ချက်ကတော့ ဘေဘီလေးကို ငုံးဥကျွေးတဲ့အခါ သေချာ ကျက်အောင် ပြုတ်ပေး၊ ကြော်ပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးမှ ဘေဘီလေးကို salmonella ပိုးဝင်ရောက် ကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်မှာပါ။

ငုံးဥကပေးတဲ့ ဘေဘီလေး ကျန်းမာရေး
-----------------------------------------
ဘေဘီလေးကို ငုံးဥကျွေးပေးတဲ့အခါ
----------------------------------------
၁။ ကိုယ်ခံအား ကောင်းစေတယ်
၂။ ရောဂါပိုးတွေ ကူးစက်ခံရမှုကနေ ကာကွယ်ပေးတယ်
၃။ နေမကောင်းတဲ့အခါ မြန်မြန် နလန်ထစေမယ်
၄။ အရိုး နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးစေမယ်
၅။ သံဓာတ် အားနည်းမှု ကင်းစေမယ်
၆။ သတ္တုဓာတ်တွေ ကြွယ်ဝစေမယ်
၇။ သွေးအားနည်းရောဂါ ကာကွယ်နိုင်မယ်
၈။ ခေါင်းကိုက်တာ ကင်းစေမယ်
၉။ ပန်ပန်းနွမ်းနယ်မှု ကင်းစေမယ်
၁၀။ ဦးနှောက် ဖွံ့ဖြိုးစေမယ်
၁၁။ မှတ်ဉာဏ်ကောင်းစေမယ်
၁၂။ သင်ယူနိုင်စွမ်း ကောင်းစေမယ် စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။
ဘေဘီလေးကို ၉ လအရွယ်မှာ ငုံးဥကို တစ်နေ့ ၂ လုံးအထိ ကျွေးလို့ရပါတယ်။ ဒီလိုကနေမှ ၃ လုံး ၅လုံး စသဖြင့် အသက်အရွယ်အလိုက် တိုးကျွေးသွားလို့ ရပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး